Friday, June 11, 2010

စံပြ အမျိုးသမီးတစ်ယောက် ဖြစ်ရန်. စိတ်ထားဂုဏ်ဒြပ် နဲ့ လူသားဂုဏ်ဒြပ်

ဖူး ဒီစာလေး ကို မြန်မာနိုင်ငံရှိ အိမ်ထောင်ရှင် အမျိုးသမီးထု တို့ အတွက် အိမ်ထောင်ရေး ကို တည်မြဲအောင် ဘယ်လို နေသင့်တယ်ဆိုတာလေး ကို လက်ဆောင်ပေးချင်တာပါ. အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတယ်ဆိုရင် စံပြအမျိုးသမီး တစ်ယောက်ဖြစ်ဖို့အတွက် ဖုး ဖတ်ရတဲ့ စာလေး ထဲ က လက်ဆင့်ကမ်းလိုက်ရခြင်းဖြစ်ပါတယ်..

စိတ်ထားဂုဏ်ဒြပ်

၁. ယောကျာ်းများအပေါ်နားလည်မှုရှိခြင်း
သူ့လိုအပ်ချက် အကြိုက်ကို သိရမယ် ကိုယ့်လိုအပ်ချက်အကြိုက်နှင့် တူချင်မှ တူမယ် ညှိရမယ် လျှော့တန် လျှော့ရမယ်
၂. ပျော်ပျော်ရွှင်ရွှင် နေတတ်ခြင်း
ဘ၀ အဆင်မပြေဘဲနှင့်တော့ ဘယ်သူက ပျော်ရွှင် နေနိုင်မှာလဲ ဒါပေမယ့် သားမယားရယ်ရယ်မောမော နေတာ ကို
ယောကျာ်းတွေ က မျှော်လင့်နေကြတာ ဒီအရယ်အပြုံးကို အဓွန့်ရှည်ဖို့က သူတို့ အလုပ် ရယ်တတ်ပြုံးတတ်ဖို့ က ကိုယ့်
အလုပ်. ပျော်စရာကို စဉ်းစား ပျော်တတ်အောင် ကျေနပ်တတ်အောင် စိတ်ကို လေ့ကျင့်ယူ
၃. တန်ဖိုးတက်အောင် နေထိုင်ခြင်း
ယောကျာ်းတစ်ယောက် က စိတ်ရှည် သည်းခံမှုကို နှစ်သက်တယ်. သူ စိတ်တိုတိုင်း ရိုင်းပြတိုင်း ပြိုင်တူ ပြိုင်ရိုင်း လုပ်လို့က
ဘယ်တန်ဖိုးလာတက်ပါတော့မလဲ. အမုန်းချင်း ပြိုင်တဲ့ ဆီကိုသာ ဦးတည်ကုန်ကြလိမ့်မယ်
အထူးသဖြင့် မိန်းမ လုပ်သူက သူ့ယောကျာ်းထက် အကျင့် စာရိတ အဆတစ်ရာ သာလွန်နေမှ ဖြစ်မှာ ဘာကိုမှ အပြစ်ရှာ
လက်ညှိုးထိုးပြစရာ မရှိမှကို ဖြစ်မှာ
၎. အိမ်ဧ။် သခင်မ နေရာ ရယူခြင်း
အိမ်ကို သန့်ရှင်း တောက်ပြောင်နေစေရမယ် ကိုယ်ကိုယ်တိုင်မလုပ်နိုင်တဲ့အခါ ငွေပေးခိုင်းလို့ရတဲ့ သူကို စနစ်တကျ
ပြုပြင်ခိုင်း အရသာရှိတဲ့ ထမင်း ဟင်း မုန့်ပဲ သရေစာ တွေ ရှိပါစေ ကလေးတွေ အတွက် မိခင် နေရာ ယောကျာ်း အတွက်
ဇနီးမယားနေရာ ဘယ်သူ့ မှ လွှဲမပေးဘူး ဆိုတဲ့ မူကို ဆုပ်ကိုင်ထား. စိတ်ရှည် သည်းခံ တောင်းဆိုသံ တွေ ပဲ
ညံမနေပါစေနှင့်ပေါ့.

လူသားဂုဏ်ဒြပ်

၅. မိန်းမ ပီသခြင်း
သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး ပြုပြင်လှုပ်ရှားနေထိုင်မှုကို ဆိုလိုတယ်.ကိုယ်နေဟန်ထား က အစ အ၀တ်စားဆင်ယင်
ပုံ က အသ မိန်းမဆန်နေရမယ် ကျားကျားလျားလျား လုပ်မှ ဖြစ်မယ့် အလုပ်တွေဆိုရင် ယောကျာ်းနှင့်တွဲလုပ်တာ
ပိုကောင်းပါတယ်.
၆. ပျော်ရွှင်မှု ဖြန့်ဝေ ကူးစက်စေခြင်း
မျက်လုံးက ၀င်းလက်ပြီး အေးချမ်းတဲ့ အကြည့်ရှိရမယ် တေးဆိုညည်းတာ ပြုံးတာ ရယ်တာ ချီးကျူးစကား ပြောတာ
အကောင်းမြင်တတ်တာတွေ ရှိရမယ်
ရ. ကျန်းမာလန်းဆန်းမှု ရှိခြင်း
ကိုယ်ခနွှာ အလှအပ က ကျန်းမာ မှ ပေါ်လွင်မှာ မျက်နှာကိုလည်း လိုအပ်သလောက် ခြယ်သရမယ် သန့်ရှင်းမှုနှင့်
ဂရုတစိုက် နေတတ်မှု က ကိုယ်ကိုယ်တိုင်ရော အနီးအပါးက မြင်သူ ကို ပါ ကြည်နူးလန်းဆန်းစေလိမ့်မယ်
၈. ကလေးဆန်မှု အတန်အသင့် ရှိခြင်း
အပြစ်ကင်းကင်း အယုံကြီးကြီး အားကိုးတကြီး စိတ်မျိုးတွေ အမျိုးသားအပေါ်ထားရှိပြီး ရိုးသားစွာ နွဲ့တတ်ရမယ်.
ကလေးလိုအလိုက်မသိ ဆိုးရွားတတ်တာမျိုးနှင့် မရောထွေးပဲချစ်စရာဖြစ်အောင်နေတတ်ဖို့ကို ဆိုလိုတာပါ.


ဖော်ပြခဲ့တဲ့ အချက်လက်တွေက အိမ်ထောင်တစ်ခုရဲ့အေးချမ်း သာယာမှုကို ဆောင်ကြဉ်းပေးမှာ သေချာတယ်. ဒါမှလည်း မိန်းမသားတွေ အတွက် လုံခြုံမှု တည်ငြိမ်မှု့ ရှိတော့မှာပေါ့.......

0 comments:

Post a Comment