Wednesday, August 18, 2010
*** ဘုရားဂုဏ်တော်ကိုးပါး ***
*** ဘုရားဂုဏ်တော်ကိုးပါး ***
၁။ အရဟံ...
၂။ သမ္မာသမ္ဗုဒ္ဓေါ...
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော...
၎။ သုဂတော...
၅။ လောက၀ိဒူ...
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ...
၇။ သတ္ထာဒေ၀မနုဿာနံ...
၈။ ဗုဒ္ဓေါ...
၉။ ဘဂ၀ါ...
၁။ အရဟံ...
ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် {{အရဟံ}} မည်တော်မူ၏။
၂။ သမ္မာသမ္ဗုဒ္ဓေါ...
အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသောကြောင့် {{သမ္မာ-သမ္ဗုဒ္ဓ}} မည်တော်မူ၏။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော...
အသိဉာဏ်{၀ိဇ္ဇာ} အကျင့်{စရဏ}နှင့် ပြည့်စုံတော်မူသောကြောင့် {{၀ိဇ္ဇာစရဏ-သမ္ပန္န}} မည်တော်မူ၏။
၎။ သုဂတော...
ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် {{သုဂတ}} မည်တော်မူ၏။
၅။ လောက၀ိဒူ...
လောကကို သိတော်မူသောကြောင့် {{လောက၀ိဒူ}} မည်တော်မူ၏။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ...
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့် {{အနုတ္တရောပုရိသ ဒမ္မသာရထိ}} မည်တော်မူ၏။
၇။ သတ္ထာဒေ၀မနုဿာနံ...
နတ်, လူတို့၏ဆရာ ဖြစ်တော်မူသောကြောင့် {{သတ္ထာဒေ၀မနုဿာနံ}} မည် တော်မူ၏။
၈။ ဗုဒ္ဓေါ...
သစ္စာလေးပါးတရားတို့ကို သိစေတော်မူသောကြောင့် {{ဗုဒ္ဓ}} မည်တော်မူ၏။
၉။ ဘဂ၀ါ...
ဘုန်းတန်ခိုးကြီးတော်မူသောကြောင့် {{ဘဂ၀ါ}} မည်တော်မူ၏။
*** တရားဂုဏ်တော်ခြောက်ပါး ***
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော...
၂။ သန္ဒိဋ္ဌိကော...
၃။ အကာလိကော...
၎။ ဧဟိပဿိကော...
၅။ သြပနေယျိကော...
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ...
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော...
မြတ်စွာဘုရားသည် ကောင်းမွန်စွာ ဟောတော်မူသောကြောင့် {{သွာက္ခာတ}} မည်တော်မူ၏။
၂။ သန္ဒိဋ္ဌိကော...
ကိုယ်တိုင်သိမြင်နိုင်သောကြောင့် {{သန္ဒိဋ္ဌိက}} မည်တော်မူ၏။
၃။ အကာလိကော...
အချိန်မလင့် အကျိုးပေးသောကြောင့် {{အကာလိက}} မည်တော်မူ၏။
၎။ ဧဟိပဿိကော...
လာပါ၊ ရှုမှတ်ကြည့်ပါဟု ဖိတ်ခေါ်ထိုက်သောကြောင့် {{ဧဟိပဿိက}} မည် တော်မူ၏။
၅။ သြပနေယျိကော...
စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းထိုက်သောကြောင့် {{သြပနေယျိက}} မည် တော်မူ၏။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ...
ပညာရှိအပေါင်းတို့သည် ကိုယ်စီကိုယ်င သိအပ်ခံစားအပ်သောကြောင့် {{ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ}} မည်တော်မူ၏။
*** သံဃာ့ဂုဏ်တော်ကိုးပါး ***
၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော...
၅။ အာဟုနေယျော...
၆။ ပါဟုနေယျော...
၇။ ဒက္ခိဏေယျော...
၈။ အဉ္ဇလိကရဏီယျော...
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ...
၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် ကောင်းမွန် စွာ ကျင့်ကြံတော်မူသောကြောင့် {{သုပ္ပဋိပန္န}} မည်တော်မူ၏။
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် မာယာ ကင်းကွာ ဖြောင့်စွာ ကျင့်ကြံတော်မူသောကြောင့် {{ဥဇုပ္ပဋိပန္န}} မည်တော်မူ၏။
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသောကြောင့် {{ဉာယပ္ပဋိပန္န}} မည်တော်မူ၏။
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော...
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် ရိုသေခြင်းကို ခံယူတော်မူ
ထိုက်အောင် ကျင့်ကြံတော်မူသောကြောင့် {{သာမီစိပ္ပဋိပန္န}} မည် တော်မူ၏။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော...
ဤမြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည်-
၅။ အာဟုနေယျော...
အဝေးမှယူလာသော ပစ္စည်းကိုလည်း ခံယူခြင်းငှာ ထိုက်တော်မူသောကြောင့် {{အာဟုနေယျ}} မည်တော်မူ၏။
၆။ ပါဟုနေယျော...
ဧည့်သည်အတွက်ထားသော ပစ္စည်းကိုလည်း ခံယူခြင်းငှာ ထိုက်တော်မူသော ကြောင့် {{ပါဟုနေယျ}} မည်တော်မူ၏။
၇။ ဒက္ခိဏေယျော...
တမလွန်အတွက် ရည်မှန်း၍ လှူဒါန်းသော အလှူကို ခံယူခြင်းငှာ ထိုက်တော်မူ သောကြောင့် {{ဒက္ခိဏေယျ}} မည်တော်မူ၏။
၈။ အဉ္ဇလိကရဏီယျော...
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောကြောင့် {{အဉ္ဇလိ- ကရဏီယ}} မည်တော်မူ၏။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ...
ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေ့ကို စိုက်ပျိုးကြဲချရန် လယ်ယာမြေကောင်း သဖွယ် ဖြစ်တော်မူသောကြောင့် {{ အနုတ္တရံ
ပုညက္ခေတ္တံ လောကဿ}} မည် တော်မူ၏။
Tuesday, July 13, 2010
ဖတ်ပါမှတ်ပါ လေ့လာပါ
၂။ အနစ်နာခံခြင်းကို လူတော်တွေသာလုပ်နိုင်တယ်။ အပြစ်ရှာကြခြင်းကို မသူတော်တွေသာ ဆုပ်ကိုင်တယ်။
၃။ ခြင်္သေမှာလည်း သူ့လည်ဆံမွှေးနဲ့သူ လှတယ်။ လိပ်ပြာမှာလည်း သူ့အတောင်ပံနဲ့သူ လှတာပါပဲ။ ဟေ့ကောင်...ခြင်္သေ့ သိပ်ဘ၀င်မြင့်မနေပါနဲ့။
၎။ လူ့ဘ၀ဆိုတာ တစ်ခါတစ်လေ မုန်တိုင်းမိပြီး မနစ်မြုပ်သေးတဲ့ လှော်တက်ပျောက်နေတဲ့ လှေတစ်စီးပါပဲ။
၅။ မိုးရွှာတုန်း ရေခံတဲ့ရေထဲမှာ အအေးမိပြီး ဖျားတဲ့သူတွေလည်းရှိတယ်နော်။
၆။ ကိုယ်ကျင့်တရားဆိုတာ လူတွေအတွက် ပထမဘုရား ခွင့်လွတ်ခြင်းဆိုတာ လူတွေအတွက် အငြိမ်းချမ်းဆုံးတရား။
၇။ ချိုတစ်လှည့် ခါးတစ်လှည့်ဖြစ်နေတဲ့ ကံကြမ္မာကို အပြစ်မပြောပါနဲ့။ ကောက်လိုက်ဖြောင့်လိုက်ဖြစ်နေတဲ
၈။ ဘ၀ဆိုတာ သီချင်းတစ်ပုဒ်ပဲ။ ဂီတရှိတယ်။ သံစဉ်ရှိတယ်။ စာသားရှိတယ်။ သီဆိုတဲ့သူရှိတယ်။ ကြိုက်တဲ့သူရှိတယ်။ မကြိုက်တဲ့သူရှိတယ်။
၉။ နိုင်တဲ့သူကလည်း ဆက်မနိုင် နိုင်ပါဘူး။ ရှုံးတဲ့သူကလည်း ဆက်တိုက်ရှုံးမနေပါဘူး။ နိုင်ဖူးတဲ့သူဆီမှာ အရှုံးတွေ မျက်ရည်တွေရှိသလို....။
ရှုံးတဲ့သူမှာလည်း အနိုင်နဲ့အပြုံးတွေရှိခဲ့ဘူးတာ
၁၀။ နှိပ်စက်မှုများနဲ့ ပြည့်နှက်နေတဲ့ ငရဲပြည်မှာ နေရခြင်းသည် ဆင်းရဲ၏။ ထိုထက် မချစ်မနှစ်သက်သူနှင့်နေရခြင်း
မိဘနှင့်ဝေးကွာ၍နေရခြင်းသည် ပို၍....ပို၍ ဆင်းရဲ၏။ ထိုထက် အသိဥာဏ်မဲ့သူတစ်ယောက်၏ နောက်လိုက်ဖြစ်ရခြင်းသည်
ပို၍..ပို၍.....ပို၍......ဆင်း
၁၁။ လူ့ဘ၀ဆိုတာ........ပင်လယ်ထဲမှာ ကူးခတ်နေတာလား။ စီးမျောနေတာလား ခွဲခြားမသိနိုင်တဲ့ ပုရွက်ဆိတ်ကလေးပါ။
၁၂။ တစ်ခါကျရှုံးရင် သင်ခန်းစာယူဖို့ပြောလိုက်ပါ။ နှစ်ခါကျရှုံးရင် တန်ဖိုးထားဖို့ပြောလိုက်ပါ။ သုံး၊ လေး၊ ငါးခါကျရှုံးရင် စိတ်ဓာတ်မကျဖို့ပြောလိုက်ပါ။
၁၃။ တကယ်တော့ လူ့ဘ၀ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဆေးခြယ်ထားတဲ့ ပန်းချီကားလေးတစ်ချပ်ပါပဲ။
၁၄။ မိမိစိုက်ပျိုးသည့် မေတ္တာမျိုးစေ့၏ ပွင့်သီးလာချိန်ရျတ်သိမ်းချိန်
၁၅။ မှန်တာလုပ်ဖို့ဆိုတာ သတ္တရှိရုံနဲ့ မရဘူးနော်။ ရိုးသားမှုလည်းရှိမှဖြစ်မယ်။
၁၆။ လူကောင်းဖြစ်ဖို့က ပိုအရေးကြီးတယ်။ လူတော်တွေ လူောင်းမဖြစ်လို့ ငါတို့အနာဂတ် ပျောက်ကွယ်နေရတာပေါ့။
၁၇။ အကြင်နာတရားဆိုတာ.....နားမကြား
၁၈။ အငိုနဲ့စ အငိုနဲ့ဆုံး ဘ၀နိဂုံး နာမည်တစ်လုံးမဆုံးစေနဲ့........
Sunday, July 11, 2010
ဗေဒင်လေးပါ ဖတ်ကြည့်ကြနော် သူငယ်ချင်းတို့...
အဆင်ပြေရဲ့လားလို့လေ.သူငယ်ချင်
နည်းကတော့လွယ်လွယ်လေးပါ
...သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့ေ
နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့...
ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 13.1.1991
သင့်ချစ်သူက 4.4.1990 ဆိုပါစို့ 13+1+1991+4+4+1990=4181
4+1+8+1=14 > 1+4=5 အဖြေက 5 ပေါ့
ရှင်းပြီနော်... ကဲ တွက်ကြည့်ကြနော်..
သူငယ်ချင်းတို့လဲစမ်းကြည့်လိုက်
၁။ ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့်
သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus
ကားမှတ်တိုင်လို ဖြစ်နေတာပါ
သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက
ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တ ယ် ဘာဖြစ်လို့လဲဆိုတော့
ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို
အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ
မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ...
နောင်busကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင်
သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်ေ လးမှာမဟုတ်သလိုသင့်ကိုဘယ်လြို
ာလဲဆိုပြီး
ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...
၂။ ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့်
မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ်
တူတူနေခဲ့ရင်လည်းလက်ဝှေ့ပွဲကြို ကည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ
အကျင့်တွေကလည်းတစ်ယောက်နဲ့တစ်ေ
ကျန်တဲ့တစ်ယောက်ကလည်းအလျှော့ပေး
ဒါတောင်မှသင်တို့မှာသုံးပွင့်ဆိ
သူကခဏဝေးဝေးလောက်နေကြည့်ကြရအော
သင်သူ့ကိုနားလည်ပေးလိုက်ပါသူ
ူးတစ်ယောက်ကိုတစ်ယောက်နားလည်နို
တဲ့အချိန်တစ်ခုလောက်တော့ထားပေး
၃ ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ
သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်
ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း
တွေပေါဒါကြောင့်သူ့ကိုတွေ့တဲ့
သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ
ကြည့်လိုက်တာနဲ့နှလုံးသားထိမြင် ရတယ်ဆိုတာပေါ့ အဲ့
တစ်ခုတော့ရှိတယ်သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ
ငြီးငွေ့စရာကောင်းနေတယ်ဒါကြောင့
ာဖွေနေတယ်နောက်ဆုံးတော့လည်း ဘယ်လူမှ
သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီးကောင်းမှာမဟုတ်
့်မယ် ...မသိနိုင်ဘူးလေ
အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့ :P
၎ ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်
ဘယ်လိုခွာခွာ ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ
့ပုံစံနဲ့တူနေတယ်
> သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေ
းဘူးဖြစ်နေတယ်
> သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
> သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့ မရဲဘူးဖြစ်နေတယ်
> ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့
> အကောင်းဆုံးကတော့သင်တို့နှစ်ယော က် ခေါင်းချင်းဆိုင်ပြီး
> ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက
> တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက
> ဇါတ်သိမ်းသွားလိမ့်မယ်နော် ...
>
> ၅ ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း
ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ်
> သင်တို့အချစ်လမ်းကြောင်းမှာဘယ်ေ လာက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ
> တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ
်တယ်
> သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်ေ တာ့ပါဘူး
> နှစ်လွာပေါင်းမှတစ်ရွက်ဆို ပြီး ဖြစ်နေကြပါပြီ
> အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့် ရောက်နေကြပါပြီ
> သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ် ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့
> ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့
> ဖူးစာရှင်အစစ်လို့ ...
>
>
> ၆ ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူး
ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ြ ခင်းက
> သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း
> ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ
> လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့
> ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ် လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမ
သေချာသေးဘူး
> သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအ ရမ်းပျော်နေတယ်လို့တော့
ပြောနိုင်တယ်လေ
> အကယ်လို့သူပြသနာတစ်ခုခုရှိ ပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က
> ဘာမှမသိသလိုနေမှာအသေအချာပဲ ...
> သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ြ ပီလားလို့မေးရရင်တော့
> သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့
> သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်ေ လ
> သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့ လားဆိုတာ....
>
>
>
> ၇ ရတဲ့သူက ဒီတစ်ယောက်က သင့်ကိုအမြင်ရှင်းသွားအောင်လုပ်
ပေးနိုင်စွမ်းရှိတယ်
> အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့
> အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု
> အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင်
> ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့
> ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ်
> ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည
်း
> အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်
တယ်
> သင်ဟာ ရုပ်မရှိရင်
> အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်း လေးတောင်ထိုးကြည့်မှာမဟုတ် ဘူး
ပြီးတော့
> သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း
> ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့ အထိ ဒါကြောင့်
> သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်က တော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်
...
>
>
>
>
>
> ၈ ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ
သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ
> တစ်ယောက်အကြောင်းကိုတစ်ယောက်သိေ နပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို
> စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic
> တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း
> လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ် ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က
> သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်ေ လ
> သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ
> တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆို တာ သူ့အပြင်
> သင့်အပေါ်မှာနောက်ထပ်နားလည်နိုင် မယ့်သူလည်းရှာလို့တွေ့တော့မှာမဟ
ုတ်တော့ဘူးလေ...
> :)
>
>
>
>
>
> ၉ ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့
နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ...
> သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့
> ဒါကြောင့်သင်တို့အချစ်ကို
> သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ်
> ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
> အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ်
လေ
> ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့  ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း
ကိုယ့်ဘ၀မှာ
> ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ
> အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့
> သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင် လည်း
> သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...
Saturday, July 10, 2010
မိန်းမမာယာလေးဆယ်
မိန်းမ မာယာ (၄၀) -
(၁) ၀ိမ္ဘတိ။ ဦးခေါင်းခြေလက်တို့ကို ဆန့်ကျင်ခြင်း(မိမိချစ်သူ သိစေရန် ဝေးရာမှ ဖြစ်စေ၊ နီးရာမှ ဖြစ်စေ၊ သီးခေါင်း ၊ ခြေလက် လှုပ်ပြခြင်း)
(၂) ၀ိနပတိ။ ခါးကို ရှေ့နောက်ကုန်းကော့ ပြခြင်း ( မိမိချစ်သူ မိမိကိုယ်နေဟန်ထားကို စွဲမက်စေရန် ညွှတ်ပြခြင်း)
(၃) ၀ိကပတိ။ ဇောင်း၍လည်းကောင်း ပက်လက် အိပ်၍လည်းကောင်း ပြခြင်း (မိမိချစ်သူ တပ်မက်လာစေရန် ပြခြင်း)
(၄) ၀ိလက္ခတိ၊ ရှက်စနိုး မရဲတရဲ ပြခြင်း (မိမိချစ်သူအား မချိုမချဉ် မျက်နှာပေးနှု့် ခွဲပြခြင်း)
(၅) နဇေန၊ လည်သည်းခြင်း ထိခိုက် ပွတ်ပြခြင်း၊ နခိယဋေတိ (မိမိချစ်သူ ရှေ့တွင် မျက်လုံးကို မှေးဇင်းကာ စဉ်းစားသလို၊ လည်သည်းခြင်း ပွက်ခြင်း)
(၆) ပါဒေနပါဒံ။ ခြေဖြင့် ခြေဖ၀ါးတစ်ဖက်ကို နင်းပြခြင်း ၊ ဇက္ကမတ (မိမိချစ်သူရှေ့တွင် မိမိလိုအင်မပြည့်ဟန် မျက်နှာသုန်မှုန်ကယ ခြေဆောင်ံနင်းခြင်း)
(၇) ကဌေနပထ၀ိ ။ တုတ်ဖြင့် မြေကြီးကို ရေးခြင်းကြခြင်း၊ ၀ိလေတေ (ချစ်သူရှေ့တွင် အတွင်းဆွေးနွေးဟန် မြေသင်ဖြူးကို ရေးခြင်းပြခြင်း)
(၈) ဒါရကံနလ္လဃတီ၊ သုငယ်ကို မြှောက်ပင့်ခြင်း၊ နလ္လဃာလတီ (ချစ်သူရှေ့တွင် ခလေးကို ချီမြှောက် ပြခြင်း၊)
(၉) တိဋတိ၊ ကလေးနှင်ံကစား၍ ခုန်းပြေးခြင်း တိ၃ာလေတ (ချစ်သူရှေ့တွင် ကလေးနှင့် ခုန်ပေါက်ပြေးလွှားပြခြင်း)
(၁၀) ဇူမ္ဗတိ၊ ခလေးကိုနမ်း၏ ၊ နမ်းစေ၏၊ ဇူမ္ဗပေတ (ချစ်သူရှေ့တွင် ကလေးကို နမ်းပြခြင်း)
(၁၁) ကုဉ္ဇာတိ၊ စားစေခြင်း၊စာူသောက်ခိုင်းခြင်း၊ ကုဉ္ဇာပေတ (ချစ်သူရှေ့တွင် ကလေးကို စားစေခြင်း၊ စားသောက်ခိုင်းခြင်း)
(၁၂) ပဒါတိ၊ လက်ဆောင်ပစ္စည်း ပေးကမ်းခိုင်းခြင်း (ချစ်သူအား လက်ဆောင်ပစ္စည်း ပေးခြင်း)
(၁၃) ကတံ၊ ချစ်သူလုပ်သမျှ အတုပြုလုပ်ပြခြင်း အနုကယာတ (ချစ်သူ လုပ်သမျှကို လိုက်၍ လုပ်ခြင်း)
(၁၄) နန္ဇံကာသတ၊ ချစ်သူ ဂုဏကို အမြင့်ဆုံး ပြောခြင်း (ချစ်သူကို အမြဲမြှင့်တင် ဂုဏ်ယူပြောခြင်း)
(၁၅) နန္ဇာံသတ၊ သူများ ချီးမွးလျှင် မိမိက နှိပ်ချပြောခြင်း (သူတပါး ပြောသော စကား များနှင့် ဆန့်ကျင့်ဘက် လုပ်ပြောခြင်း)
(၁၆) အ၀ိန္ဇံဂတိ၊ ချစ်ကြိုက်ကြောင်း ဖွင့်ဟပြောခြင်း (ချစ်သူအား ချစ်ခင် ဇွဲလန်းကြောင်း ဥပမာစကား တို့ဖြင့် ပြောခြင်း)
(၁၇) ဓိဝိဇ္ဇာံသတ၊ ဥပမာစကားတို့ဖြင့် ဖွင့်ဟပြောခြင်း (မိမိ ချစ်သူအား နှစ်သက်ကြောင်း ဖွင့်ဟပြောခြင်း)
(၁၈) နဇ္ဇံ၊ ကခုန်းပြခြင်း (ချစ်သူရှေ့တွင် ကတတ်ကြောင်း ပြဆိုခြင်း၊ ကပြခြင်း)
(၁၉) ဂိတ၊ သီးချင်း ညဉ်းပြခြင်း (ချစ်သူရှေ့တွင် သီးချင်းသီဆိုပြခြင်း)
(၂၀) ၀ါဒိတ၊ တီးမှုတ် ပြခြင်း (ချစ်သူရှေ့တွင် တီးမှုတ်ပြခြင်း)
(၂၁) ရောဒတ၊ မဲပြ၊ငိုပြ၊ မကြည်မသာ လုပ်ပြခြင်း (ချစ်သူရှေ့တွင် အလိုမကျဟန် အမျိုးမျိုး လုပ်ပြခြင်း)
(၂၂) ၀ိသာသတိ၊ တင့်တယ်အောင် ခံစားဖို့ ပြောပြလေ့ရှိခြင်း
(၂၃) ၀ိပူတိ၊တန်ဆာ ကရိယာ တပ်ဆင်ပြင်ခြင်း
(၂၄) ဇဂ္ဃတိ၊ အသံထုတ်၍ရယ်ခြင်း၊ ဟစ်ခေါ်ခြင်း (ချစ်သူရှေ့တွင် ကြားလောက်အောင် ဟစ်အောင် ပြောဆိုခြင်း)
(၂၅) မေက္ခတိ၊ တည့်တည့်မကြည့် ငဲ့စောင်း၍ ကြည့်ခြင်း (ချစ်သူအား တည့်တည့် မကြည့် စောင်းငဲ၍ ကြည့်ခြင်း)
(၂၆) ကဋီဇလေတိ၊ ခါးကိုကော့ကာ၊ လန်ကာ ရဲရဲပြခြင်း (ချစ်သူရှေ့တွင် ခါးကို ကော့ကာလှန်ကာ ပြခြင်း)
(၂၇) ရုညကဏ္ဍက၊ လျှို့ဝှက်သော အဂီါတို့အား လုပ်ခါပြခြင်း၊ ဇာလေတိ(ချစ်သူ မြင်လေအောင် လျှိ့ဝှက်သော အဂီါတို့အား လှုပ်ခါပြခြင်း)
(၂၈) ဥရုံဝိဇရတိ၊ ပေါင်သားပေါ်ကို ပြခြင်း (ချစ်သူ မြင်သာအောင် ပေါင်အား ဖော်ပြခြင်း)
(၂၉) ဥရုံဝိဒဟတိ၊ ပေါင်သားအား ရှ့ဟန် ဖုံးပြခြင်း (ချစ်သူရှေ့တွင် ရှက်ဇနိုး အမူအယာဖြင့် ပေါင်သားကို ဖုံးဖိပြခြင်း)
(၃၀) ထန်ဒလောတိ၊ ရင်သားကို မြင်အောင်ပြခြင်း၊ (ခ်ျစသူ ရှေ့တွက် ရင်သားကို မြင်အောင်ပြခြင်း)
(၃၁) ကဈှံဒသောတိ၊ လက်နှစ်ဖကို မြှောက်ပြခြင်း (ချစ်သူရှေ့တွင် လက်ကို မြှောက်ပြခြင်း)
(၃၂) နိဒသောတိ၊ ချက်ပေါ်အောင် ထမီဝတ်ပြခြင်း (ချစ်သူရှေ့တွင် ချက်ပေါ်အောင် ထမီဝတ်ပြခြင်း)
(၃၃) ဂက္ဇိနိခဏတိ၊ မျကစေံကို ခဏခဏ မှိတ်ပြခြင်း (ချစ်သူ မြင်အောင် မျက်စေံ မှိတ်ပြခြင်း)
(၃၄) ကမူနုက္ခိတိ၊ မျက်ခုံနှစ်ဖက် မြှင့်ပြခြင်း (ချစ်သူရှေ့တွင် မျက်ခုံးမြှု့်ကာ မျက်စချီ ပြခြင်း)
(၃၅)သြဌဥပတိဇတိ၊ နှုတ်ခမ်းခြင်း ကိုက်ပြခြင်း (ချစ်သူရှေ့တွင် နှုတ်ခမ်းချင်း ကိုက်ပြခြင်း )
(၃၆) ဇိဌံနိလ္လာလေတိ၊ လျှာဖျားထုတ်၍ နှုတ်ခမ်းနှင့် ကိုက်ပြခြင်း (ချစ်သူရှေ့တွင် လျှားဖျားထုတ်၍ နငတ်ခမ်းနှု ကိုက်ပြခြင်း)
(၃၇) ဒုဿံမုဉ္ဇတိ၊ ခါးဝတ်ကို ချွတ်ဟန်ပြခြင်း (ချစ်သူရှေ့တွင် ခါးဝတ်တန်ဆာ ချွတ်ယောင်ပြခြင်း)
(၃၈) ယံပဋိဗန္ဇတိ၊ ခါးဝတ်ကို ဖြေ၍ပြခြင်း၊ (ချစ်သူရှေ့တွင် ခါးဝတ်ကို ဖြေသယောင်ပြခြင်း)
(၃၉) သိနသံမုဉ္ဇ၊ ဆံထုံးကို ဖြေ၍ပြခြင်း (ချစ်သူရှေ့တွင် ဆံပင်ကို ဖြေ၍ပြခြင်း)
(၄၀) သိရသံဗန္ဇတိ၊ ဆံပင်ကို ပြင်၍ထုံးပြခြင်း (ချစ်သူရှေ့တွင် ဆံထုံးကို ပြင်၍ ထုံးပြခြင်း)
Tuesday, July 6, 2010
ဖေမြင့်၏ရေးသားချက်ပါ
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှာသာလျှင် စွမ်းအားရှိသူ အောင်မြင်သူဖြစ်သည်။
ဘာမှမကြိုးစားပဲ အောင်မြင်သူထက် ကြိုးစားပြီး အောင်မြင်သူက ပိုတန်ဖိုးရှိ၏။
အချိန်ကို အကျိုးရှိစွာ အသုံးချတတ်သူသည် မိမိဘ၀ တိုးတက်ရေးလမ်းကြောင်းကို လျှောက်
လှမ်းနေသူဖြစ်သည်။
စာအုပ်မှရသော ပညာ၊ဗဟုသုတကို ဘ၀မှရသော ပညာ၊ဗဟုသုတဖြင့် ဖြည့်ဆည်းရာ၏။တိုး
တက်မှုဟူသမျှ မေးမြန်းစုံစမ်းခြင်းမှ ပေါက်ဖွားလာသည်။
သံသယရှိခြင်းသည် ယုံကြည်မှုလွန်ခြင်းထက်ပိုကောင်းသည်။သံသယကြောင့်မေးမြန်းစုံစမ်း
ခြင်းဖြစ်ပေါ်လာသည်။
ဖေမြင့်၏ စိတ်ဓာတ်နဲ့ နည်းနာ စာအုပ်မှ
ရဲဝံ့သူ၊သွက်လက်တက်ကြွသူ၊ကိုယ့်ကိုကိုယ်
အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပြင်ဆင်ထားတတ်သူများအား လောကသည် မျက်နှာသာ ပေးစမြဲဖြစ်သည်။
သူတစ်ပါးထံမှ
အကူညီရယူလိုသူသည် တစ်ပါးသူ၏ အရေး ကိစ္စကို
ဥပေက္ခာပြုထားလို့ မရနိုင်။အကောင်းဘက်ကတွေးတတ်သူများသည် သူတစ်ပါးလောက် အလွယ်တစ်ကူ
စိတ်အားမပျက်တတ်၊စိတ်ကျဝေဒနာ မခံစာရတတ်။ပြသာနာတစ်ခု ကြုံလျှင် ပထမဆုံး
သေသေချာချာစဉ်းစားပါ ပြီးမှ စိတ်တည်တည်ငြိမ်ငြိမ်နဲ့
ဆုံးဖြတ်ချက်ချပါ။ဘယ်လုပ်ငန်းပဲ လုပ်လုပ် ရပြီးတဲ့ အောင်မြင်မှု သရဖူနဲ့
ကျေနပ်မနေပါနဲ့ ဒီ့ထက် မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုထပ်ချရမယ်။
အောင်မြင်မှုဆိုသည် ကို ဘယ်သူတွေ ဘာပေတံနဲ့ပဲတိုင်းကြပါစေ၊သင်သာလျှင် ဖြောင့်မှတ်
တည်ကြည်သူတစ်ဦး ဖြစ်အောင် အားထုတ်မည်၊ သစ္စာ သမာဓိ သတ္တိ ရှိသူ တစ်ဦးဖြစ်အောင် တည်
ဆောက်နိုင်မည် ဆိုက တစ်နေ့သောအခါ ၌ မုချမသွေ အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး သင်ဖြစ်ရမည်။
သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ
လူဖြစ်နေသလဲ?
လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ
ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့
ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ်
တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ်
တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့
သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်
တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။
ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။
လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့
အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက်
ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြိးထဲက ရတနာ့သုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့
လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး
အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ
အားလုံးရဲ့
ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။
ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ
အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ
အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။
တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်
ဒုတိယက ဥာတတ္ထစရိယ တဲ့
ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့
အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး
များရဲ့
အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။
ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။
ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ”
လို့ ပြောတာနော်
အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်
“အတ္တတ္ထ စရိယ” လို့
အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ
အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင်
ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ
အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ
အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။
အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့
စိတ်မကူးနဲ့နော်
ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့
အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့
အရင်လုပ်ရမယ်လို့
ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလမတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့
သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is
Sila.
Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။
ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.
အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.
Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊
နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့
ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်
Must be true
မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ
အကုန်လျှောက်ပြော
နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။
Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့
Must be polite
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး
Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။
Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့
လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့
စကားမျိုးပဲပြောတဲ့
Must be pleasant
နားချမ်းသာ အောင်ပြောရမယ်
စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ
ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်
မင်္ဂလ သုတ်ထဲမှာ ပါပါတယ်
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ
စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့
ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?
ကိုးကား
သီတဂူ ဆရာတော် ဘုရား၏
တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် ဓမ္မသဘင်မှ တရားတော်များကို
မှီငြမ်းရေးသားပါသည်။

Wednesday, June 30, 2010
သာသနာ့အလံ တီထွင်သူ အမှန်
သာသနာ့အလံ တီထွင်သူ အမှန်
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် မှ မှီငြမ်းရေးသားပါသည်။
သာသနာ့အလံ
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။
အရောင်များ
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ) = အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးနဲ့တွေ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
သာသနာ့ အလံနှင့် ပတ်သတ်လို့ ယခုလောက်သိခွင့်ရကြရင် ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။
သာသနာကို စောင့်ရှောက်နိုင်တဲ့ သူတောင်ကောင်းများ ဖြစ်ကြပါစေ…
Monday, June 28, 2010
ဟိရီသြတ္တပ္ပ အဓိပ္ပါယ်
ဟိရီသြတ္တပ္ပ အဓိပ္ပါယ်
ဤနေရာ၌ ဟိရီနှင့်သြတ္တပ္ပ နှစ်ခုကို တစ်ခုစီခွဲပြီး မရေးတော့ဘဲ ပေါင်းပြီး ရေးသားတင်ပြလိုက်ပါသည်။ ဟိရီနှင့်သြတ္တပ္ပဆိုသည်မှာ မကောင်းမှုပြုလုပ်ရာ၌ ရှက်ခြင်းနှင့်ကြောက်ခြင်း ဖြစ်ပါသည်။
ဟိရီဆိုသည်မှာ ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါးတို့ကို ပြုလုပ်ရာ၌ ရှက်ခြင်းကို ဆိုလိုပါသည်။ ရှက်သည်ဟူရာ၌ “မိကောင်းဖခင် သားသမီးဖြစ်သော အမျိုးကောင်းမှ မွေးဖွားသောငါသည် မကောင်းမှု ပြုလုပ်နေလျှင် ရှက်စရာကောင်းသည်”ဟု မိမိအမျိုးဂုဏ်သိက္ခာကြောင့် ရှက်သူလည်းရှိ၏။
ထို့ပြင် “ငါသည် ပညာတတ်သူ တစ်ယောက်ဖြစ်သောကြောင့် ပညာမရှိသူ ဘာမှအသိဉာဏ်မရှိသော နလပိန်းတုံးများရဲ့ အလုပ်ဖြစ်သည်“ဟု မိမိပညာဂုဏ်ကြောင့် ရှက်သူလည်းရှိ၏။ တဖန် အစွမ်းသတ္တိနှင့် ပြည့်စုံသောသူသည် “မကောင်းမှုကို ပြုလုပ်သောသူသည် သတ္တိမရှိသောသူတို့၏ အလုပ်ဖြစ်သည်“ဟု စဉ်းစားကြံဆ၍ မကောင်းမှုပြုလုပ်ရမည်ကို ရှက်သူလည်းရှိ၏။
ဤနေရာ၌ သတ်ဖြတ်မှုစသည်ကို ပြုလုပ်ရဲခြင်းသည် အစွမ်းသတ္တိရှိသူ မဟုတ်ပေ။ မိုက်မဲခြင်းသာ ဖြစ်ပေသည်။ တစ်ချို့က “မင့်ဒါလေးကို မလုပ်ရဲဘူးလား မင့်မလုပ်ရဲရင် ငါလုပ်မည်“ဟု ပြောပြီး သတ်ဖြတ်မှု စသည်ကို ပြုလုပ်ခြင်းသည် အစွမ်းသတ္တိရှိခြင်းမဟုတ် မိုက်မဲခြင်းသာ ဖြစ်ပေသည်။ သတ္တိရှိခြင်းဆိုသည်မှာ အများအတွက် လုပ်ဆောင်သောအမှုကိစ္စ၊ ကောင်းသောအမှုကိစ္စတို့ကို လုပ်ရဲခြင်းသည်သာ သတ္တိရှိခြင်း ဖြစ်ပေသည်။
ထို့ပြင် အသက်သိက္ခာကြီးမားသောပုဂ္ဂိုလ်၊ သီလရှိသော ပုဂ္ဂိုလ်များသည်လည်း မိမိရဲ့ အသက်သိက္ခာ သီလသိက္ခာတို့ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုလုပ်ရမည်ကို ရှက်သောသူများလည်း ရှိပါသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်းသည် ဟိရီပင်ဖြစ်ပါသည်။
သြတ္တပ္ပဆိုသည်မှာ ကာယဒုစရိုက်၊ ၀စီဒုစရိုက်တို့ကို ပြုလုပ်ခြင်း၌ ကြောက်ခြင်းပင် ဖြစ်ပါသည်။ မိမိမကောင်းမှု ပြုလုပ်နေသည်ကို သူတစ်ပါးသိမှာ ကြောက်ခြင်းကို ဆိုလိုပါသည်။ ကြောက်သည်ဆိုရာဝယ် ငါတစ်ယောက်က မကောင်းမှုပြုလုပ်လျှင် ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့ဆရာသမားများ သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းကိုခံရ၍ “တံထွေးခွက်ထဲ ပက်လက်မျောကာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရလိမ့်မည်”ဟု မိမိနဲ့ သက်ဆိုင်သောသူများကို ငဲ့ညှာထောက်ထားပြီး မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းမျိုး ဖြစ်ပါသည်။
ထိုသြတ္တပ္ပနှင့်ဟိရီကို နှိုင်းယှဉ်ကြည့်လျှင် ဟိရီက မိမိကိုယ်ကိုရှက်ခြင်း၊ သြတ္တပ္ပက သူတစ်ပါးသိမည်ကို ကြောက်ခြင်းဖြစ်၍ သြတ္တပ္ပထက် ဟိရီက ပိုမိုမြင့်မြတ်ကြောင်း တွေ့ရပါသည်။
ဟိရီနှင့်သြတ္တပ္ပနှစ်ပါးရှိလျှင် မိမိကိုယ်ကိုလည်းရှက် သူတစ်ပါးသိမည်ကိုလည်း ကြောက်သောကြောင့် မကောင်းမှုပြုလုပ်ရန် ရှောင်ကြဉ်နိုင်ပါလိမ့်မည်။ ထိုနှစ်ပါးမရှိပါက မကောင်းမှုပြုလုပ်ခြင်းသည် ရှက်စရာ ကြောက်စရာမှန်းးမသိ၍ ပြုလုပ်ချင်တိုင်း ပြုလုပ်နေမည်မှာ သေချာလှပါသည်။ သို့ဖြစ်၍ ဤဟိရီနှင့်သြတ္တပ္ပ တရားနှစ်ပါးသည် အကုသိုလ်လုပ်ငန်းများမှ ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုပြုလုပ်ရန် အကြောင်းမူလ တရားများပင် ဖြစ်ပါသည်။
ဤဟိရီသြတ္တပ္ပတရားနှစ်ပါးကို “လောကပါလ-ကမ္ဘာစောင့်တရားဟုလည်းကောင်း၊ သုက္ကဓမ္မ-ဖြူစင် သန့်ရှင်းသောတရား”ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။ အကြောင်းမှာ လူနှင့်တိရစ္ဆာန် ကွဲပြားခြားနားအောင် ဤတရားနှစ်ပါးက စောင့်ရှောက်ပေးသောကြောင့် ဖြစ်ပါသည်။ ဤတရားနှစ်ပါးမရှိလျှင် သားနဲ့အမိ၊ အဖနဲ့သမီး၊ မောင်နဲ့နှမ ဖောက်ပြန်မှုများဖြစ်ပြီး တိရစ္ဆာန်များနဲ့ တူကုန်ပါလိမ့်မည်။
တစ်ချို့နိုင်ငံများတွင် ဤတရားနှစ်ပါးမရှိသောကြောင့် ဖြစ်ချင်တိုင်းဖြစ်နေကြပြီး တိရစ္ဆာန်များနဲ့ ထူးမခြားနား ဖြစ်နေကြပါသည်။ ထို့ကြောင့် ဤတရားနှစ်ပါးရှိရန် လူသားတိုင်းတွင် အလွန်အရေးကြီးပါသည်။
ယခုခေတ်၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများ ၀တ်ဆင်လာကြသည်ကို တွေ့မြင်နေရပါသည်။ ထိုကဲ့သို့ ၀တ်ဆင်သောသူများသည် မိမိကိုယ်ကို ခေတ်မှီသောလူတစ်ယောက်၊ လှပသောလူတစ်ယောက်၊ ၀တ်ဆင်နိုင်သောလူတစ်ယောက်ဟု အထင်ကြီးနေကြပါသည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သောသူများသည် တိရစ္ဆာန်များနဲ့ ထူးမခြားသောကြောင့် မိမိကိုယ်ကို အမြှီးပေါက်နေသည်ကိုတော့ သတိမထားမိကြပေ။ ထိုကဲ့သို့ အမြှီးပေါက်နေသောသူများကို အတုယူပြီး ၀တ်ဆင်ခြင်းသည် မြန်မာရိုးရာ ပျက်စီးခြင်း၊ ဟိရီသြတ္တပ္ပ ကင်းမဲ့ခြင်းများသာ ဖြစ်ပါသည်။ ထို့ကြောင့် အမြှီးမပေါက်ရန် ရှောင်ကြဉ်သင့်ပါသည်။ သို့မှသာလျှင် “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။
တစ်ချို့နိုင်ငံများ၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများကို ၀တ်ဆင်ခြင်းသည် သူတို့ယဉ်ကျေးမှုနဲ့ သူတို့ဝတ်ဆင်ခြင်းဖြစ်သော်လည်း လူသားဖြစ်သည့်အတွက် သူတစ်ပါးအကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါ လိမ့်မည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစား အပြောအဆို အနေအထိုင်တို့ကြောင့်လည်း သူတို့တွင် ကာမရာဂနဲ့ပတ်သတ်သော အကုသိုလ်များ အလွယ်တကူ ဖြစ်နေကြပါသည်။ မိမိတို့မှာ အကုသိုလ်ဆိုသည်ကို မသိသောကြောင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်းဖြစ်သည်ဟု အကြောင်းပြပါကလည်း မိမိလုပ်သောကံသည် မိမိကိုယ်တိုင် ခံစားရမည့် သဘောတရားရှိနေသည့်အတွက် မည်သည့်သတ္တ၀ါမဆို အကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါလိမ့်မည်။ လူသားဖြစ်သောသူများမှာ အသိဉာဏ်ရှိသောကြောင့် ပို၍ပင် မကောင်းမှုမဖြစ်အောင် ရှောင်ကြဉ်သင့်ပါသည်။
ဟိရီ သြတ္တပ္ပ အတု
ရှက်မှု၊ ကြောက်လန့်မှုကို ဟိရီသြတ္တပ္ပဟုဆိုသော်လည်း တွေ့ကရာကို ရှက်ကြောက်ခြင်းသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပေ။ ဒုစရိုက်မကောင်းမှုများကို ပြုလုပ်ရမည်မှ ရှက်ခြင်း ကြောက်ခြင်းသည်သာ ဟိရီသြတ္တပ္ပ အစစ်ဖြစ်ပါသည်။
ထို့ကြောင့် “ဥပုသ်စောင့် တရားနာ ဘုရားသွားရမည်ကို ရှက်မှု၊ ပရိသတ်အလယ်၌ စာဖတ် စကားပြောရမည်ကို ရှက်မှု၊ အလုပ်လက်မဲ့နဲ့ တေလေလုပ်နေသည်ကို မရှက်ဘဲနဲ့ အောက်ကျသည်ဟုထင်ရသော အလုပ်တစ်ခုခုလုပ်ရမည်ကို ရှက်မှု၊ ယောက်ျားနှင့်မိန်းကလေးတို့ အချင်းအချင်း တွေ့သောအခါ ရှက်ကြောက်နေမှုများသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပါ။ ပရိယာယ်မာယာများခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်ပါသည်။ အဘိဓမ္မာ-အလိုအားဖြင့် တဏှာသဘောပင် ဖြစ်ပါသည်။
ထို့ပြင် မရှက်မကြောက်ရမည့် နေရာများမှာ-
၁။ ရောင်းဝယ်ဖေါက်ကား အတိုးအပွါး ပေးသောအခါ၊
၂။ ဆရာ့ထံသို့ ချဉ်းကပ်၍ ပညာသင်ယူသောအခါ၊
၃။ အစာစားသောအခါ၊
၎။ သမီးရည်းစား စကားပြောသောအခါတို့၌ မရှက်မကြောက်ရဟု လောကနီတိကျမ်း၌ ပြဆိုထားပါသည်။
တရားရုံးစသည်တို့၌ အရာရှိများကို ကြောက်ခြင်း၊ ရထား သင်္ဘောပေါ်၌ အပေါ့အပါးသွားချင်သည်ကို မသွားဝံ့အောင် ကြောက်ခြင်း၊ လူတစ်ယောက်နှင့်တစ်ယောက်ကြောက်ခြင်း၊ ခွေးစသော တိရစ္ဆာန်များကို ကြောက်ခြင်း၊ တစ္ဆေသရဲများကို ကြောက်ခြင်း၊ မရောက်ဖူးသောအရပ်သို့ ခရီးသွားရမည်ကို ကြောက်ခြင်းတို့သည် သြတ္တပ္ပအစစ် မဟုတ်ပါ။ သတ္တိညံ့ဖျင်းမှု၊ သူရဲဘောကြောင်မှုပင် ဖြစ်ပါသည်။
မကောင်းမှုလုပ်ရမည်ကို ရှက်ကြောက်ပြီး မရှက်မကြောက်သင့်သော နေရာတို့၌ မရှက်မကြောက်အောင် သတိထားပြီး နေသောသူသည်သာ “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။ နေရာတိုင်း၌ ရှက်ကြောက်နေသောသူကို “လူကောင်း”ဟု ခေါ်ဝေါ်ပြောဆိုမရသကဲ့သို့ နေရာတိုင်း၌ ဟိရီသြတ္တပ္ပကင်းမဲ့ နေလျှင်လည်း “လူမိုက်”ဖြစ်သွားပါလိမ့်မည်။
ဤဟိရီသြတ္တပ္ပတရားများသည် လူသားမှန်လျှင် မရှိမဖြစ်လိုအပ်သော တရားများဖြစ်သောကြောင့် လိုက်နာစောင့်ထိန်း ကျင့်ကြံကြရန်အတွက် ဟိရီသြတ္တပ္ပအကြောင်းကို မိမိသိသလောက် ရေးသားတင်ပြလိုက်ပါသည်။
Friday, June 25, 2010
သုမနပန်းသည်၏ သဒ္ဓါတရားကောင်းမွန်ပုံ
သုမနပန်းသည်သည် ဗိမ္ဗိသာရမင်းကြီးကို နေ့စဉ်မပြတ် နံနက်တိုင်း ပန်းဆက်သရပါသည်။ ထို့သို့ဆက်သလျှင် တစ်နေ့ကို အသပြာရှစ်ကျပ်ရလေသည်။ တစ်နေ့ဝယ် သုမနပန်းသည်သည် မင်းကြီးကို ဆက်သရန် မြတ်လေးပန်းတို့ကို ယူဆောင်လာစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာသော ဘုရားရှင်နဲ့တွေ့၍ ဖူးမြင်ရသောအခါ ကြည်ညိုသောသဒ္ဓါတရားများ တဖွားဖွား ဖြစ်ပေါ်လာသဖြင့် လှူရန်ပစ္စည်းလိုက်ရှာကြည့်သော အခါ တစ်စုံတစ်ခုသောဝတ္ထုကိုမျှ မမြင်ဘဲ ဖြစ်နေပါသည်။
ထိုအခါ သုမနပန်းသည်သည် ”ယခု ငါယူလာခဲ့သော မင်းကြီးအား ဆက်သရမည့်ပန်းတို့ကို လှူဒါန်းပူဇော်မည်။ မင်းကြီးသည် သူ့ကို ဆက်သရမည့် ပန်းတို့ကို မဆက်သ၍ ငါ့ကိုဖမ်းချင်လည်း ဖမ်းပါစေ၊ သတ်ချင်လည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်ထုတ်ချင်လည်း နှင်ထုတ်ပါစေ၊ ထိုမင်းကို ဆက်သလျှင် ငါ့အား တစ်ဘ၀စာ လုံလောက်ရုံမျှသော ဥစ္စာများကိုသာ ပေးလိမ့်မည်။ ဘုရားရှင်အား လှူဒါန်းလျှင် တစ်သံသရာလုံး၌ ချမ်းသာမည့်အပြင် အမြတ်ဆုံး အချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရောက်ပေလိမ့်မည်” ဟု ယုံကြည်ခြင်း သဒ္ဓါတရား လွန်ကဲစွာဖြင့် မိမိအသက်ကို ပဓာနမထားဘဲ မတွန့်မဆုတ်သော သဒ္ဓါတရားဖြင့် မြတ်လေးပန်းတို့ကို လှူဒါန်းပူဇော်လေသည်။
သုမနပန်းသည် လှူဒါန်းသော ပန်းတို့သည် ဘုရားရှင်၏ ဦးထိပ်အထက် လက်ဝဲလက်ယာ ခြံရံလျက် လိုက်ပါကြလေသည်။ စိတ်မရှိသော ပန်းတို့သည် စိတ်ရှိသော ဘုရားရှင်ကို အမှီပြု၍ စိတ်ရှိသကဲ့သို့ ဘုရားရှင်နဲ့အတူတကွသာလျှင် တည်နေကြ၏။ ဘုရားရှင်ကြွတော်မူလျှင် လိုက်ပါသွားပြီး ဘုရားရှင်ရပ်တော်မူ လျှင် ရပ်နေကြကုန်၏။ သုမနပန်းသည်သည် မိမိလှူသောပန်းတို့နှင့် မြတ်စွာဘုရားရှင်၏ တင့်တယ်ခြင်းတို့ကို မြင်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ပီတိများဖြင့် ပြည့်နေလေသည်။
သုမနပန်းသည်သည် ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပန်းမရှိသောခြင်းကိုကိုင်ပြီး အိမ်သို့ပြန်လာလေသည်။ အိမ်ရောက်သောအခါ သူ့၏မယားအား ဘုရားရှင်ကို ပန်းတို့ဖြင့် ပူဇော်ခဲ့ကြောင်း ပြောပြရာတွင် မယားဖြစ်သူက ထိတ်လန့်ခြင်းများဖြစ်ပြီး ”ထိုပန်းတို့ကို ဘုရားရှင်အားလှူဒါန်းခဲ့လျှင် မင်းကြီးအား ဆက်သရန် မည်ကဲ့သို့လုပ်မည် နည်း”ဟု မေးလေသည်။
ထိုအခါ သုမနပန်းသည်က ”ချစ်နှမ ငါသည် ငါ့အသက်ကို ပဓာနမထားဘဲ ငါ့အသက်ကိုစွန့်လွှတ်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မင်းကြီးသည် ငါ့အား ပေးချင်သည့်ပြစ်ဒဏ်ပေးပါစေ အသင်ချစ်နှမသည် လူအပေါင်းတို့ ကြွေးကြော်သော အသံကို မကြားဘူးလား၊ ထိုအသံသည် ငါပန်းပူဇော်ရာ၌ အံ့ဖွယ်သရဲဖြစ်၍ ကြွေးကြော်ကြသော အသံဖြစ်ပေသည်”ဟု ပြောလေသည်။ မိုက်မဲတွေဝေလှသော သုမနပန်းသည်၏ မယားသည် ဤသို့အံ့ဖွယ်ဖြစ်သော အလှူဒါန၌ ကြည်ညိုနှစ်သက်ခြင်းမဖြစ်ဘဲ လင်ဖြစ်သူအား “မင်းတို့မည်သည် တစ်ကြိမ်ဖြစ်သောအမှုဖြင့် လက်ခြေတို့ကိုဖြတ်ခြင်း အစရှိသော အကျိုးစီးပွါးမဲ့အောင် ပြုလုပ်တတ်ကုန်၏။ အသင်ပြုသော အမှုသည် ငါ့နဲ့မဆိုင်”ဟု ဆဲဆိုပြီးလျှင် ကလေးများကိုခေါ်၍ မင်းနန်းတော်သို့သွားပြီး မင်းကြီးအား သူမ၏လင် သုမနပန်းသည်ပြုလုပ်သော အမှုကိစ္စသည် သူနဲ့မပတ်သတ်ကြောင်း ကြိုတင်လျှောက်ထားလေသည်။
ဗိမ္ဗိသာရမင်းကြီးသည် ရှေးဦးစွာ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရစဉ်ကပင် သောတာပန်တည်ခဲ့သူ ဖြစ်၏။ “ဤမိန်းမသည် အလွန်မိုက်မဲတွေဝေလေစွ၊ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတို့၌ နှစ်သက်ကြည်ညိုခြင်းကို မဖြစ်ဘဲ အပြစ်မြင်နေသည်မှာ အံ့သြဖွယ်ကောင်းလေစွ”ဟု မင်းကြီးသည် စဉ်းစားပြီးနောက် “အသင်ပန်းသည်မ ယခုအခါ သင်သည် သုမနပန်းသည်ကို စွန့်လွှတ်လိုက်ခြင်းသည် အလွန်ကောင်းပေစွ၊ သုမနပန်းသည်သည် ငါ့ကိုဆက်သရမည့် ပန်းတို့ကို ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ခြင်းကြောင့် ငါ့အကြောင်းကို သိစေရမည်”ဟု သုမနပန်းသည်ကို အမျက်ထွက်သည့်ဟန်ဖြင့် ပြောဆိုပြီး ပန်းသည်မကို ပြန်ခိုင်းလိုက်လေ၏။ ထိုမိန်းမသည် သူ့ကို အမှုမပတ်တော့သဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ပြန်သွားလေသည်။
ဗိမ္ဗိသာရမင်းကြီးသည် သုမနပန်းသည်ကို ခေါ်ခိုင်းပြီး ရောက်လာသောအခါ “ငါ့အားဆက်သရန် ယူဆောင်လာသော ပန်းတို့ကို အဘယ်သို့နှလုံးသွင်းပြီး ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ပါသလဲ”ဟု မေးသောအခါ သုမနပန်းသည်က “အရှင်မင်းကြီးသည် အကျွန်ုပ်အား သတ်လိုလည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်းထုတ်မှုလည်း နှင်းထုတ်ပါစေဟု အသက်ကိုစွန့်ပြီး လှူဒါန်းပူဇော်ခဲ့ပါသည်”ဟု လျှောက်ထားလေသည်။ ထိုကဲ့သို့ သုမနပန်းသည် ဖြေကြားပြီးသောအခါတွင် မင်းကြီးသည် သုမနပန်းသည်ကို ဆုတော်လာဘ်တော်များ ပေးလိုက်လေသည်။
သုမနပန်းသည်၏ အလှူဒါနသည် အံ့သြဖွယ်ကောင်းသောကြောင့် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်အား ဘယ်လိုသောအကျိုးကျေးဇူးများ ရလိမ့်မည်နည်းဟု မေးလေ၏။ ထိုအခါ ဘုရားရှင်က “သုမနသည်သည် ငါ့ဘုရားအား ကြည်ညိုသောသဒ္ဓါတရား ပြင်းထန်စွာဖြစ်ပြီး အသက်ကိုစွန့်လွှတ်၍ လှူဒါန်းပူဇော်ပူဇော်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်လေးပါးသို့ မကျရောက်ရဘဲ သုမနမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်။ အကြင်သို့သော ကောင်းမှုကုသိုလ်ကို ပြုအပ်သည်၏အဖြစ်ကြောင့် နောင်တတဖန် ပူပန်ကြေကွဲဆင်းရဲခြင်း မဖြစ်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းခဏ၌ နှစ်သက်ဝမ်းသာခြင်း ပီတိသောမနဿသာလျှင် ဖြစ်၍နေ၏။ ထိုကဲ့သို့ နောင်တတဖန် မပူပန်ရသော နှလုံးပီတိတို့ဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၍ ဆည်းပူးကြိုးကုတ် အားထုတ်အပ်သော ကောင်းမှုကုသိုလ်၏ အကျိုးတရားသည် မျက်မှောက်တမလွန်နှစ်ဖြာလုံး၌ ကောင်းမွန်သောချမ်းသာသုခတို့ကိုသာ ခံစားရလိမ့်မည်”ဟု မိန့်ကြားတော် မူလေသည်။
ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ကောင်းမှုကုသိုလ်ပြုလုပ်ခွင့်ရသော ဘုရားသာသနာနဲ့လည်း တွေ့ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရရှိနေချိန်၊ ကောင်းမှုမကောင်းမှုကို ခွဲခြားတတ်သော ဗုဒ္ဓရဲ့အသိဉာဏ်ရှိနေ ချိန်တွင် ကောင်းမှုကုသိုလ်ကို မပြုလုပ်ပါက ထိုသူထက်မိုက်သောသူ အဘယ်မှာရှိတော့မည်နည်း။ ကောင်းမှု ကုသိုလ်ပြုလုပ်သောအခါ၌လည်း သုမနပန်းသည်ကဲ့သို့ အသက်ကိုစွန့်ပြီး ယုံကြည်သောသဒ္ဓါတရား မဖြစ်နိုင်စေ ကာမှု သဒ္ဓါတရားအပြည့်အ၀ဖြင့် ယုံကြည်ပြီး လှူဒါန်းကြရန် လိုပါသည်။
သို့မှသာလျှင် သုမနပန်းသည်ကဲ့သို့ မျက်မှောက်ဘ၀မှာလည်း ချမ်းသာပြီး တမလွန်ဘ၀မှာလည်း နိဗ္ဗာန်သို့မရောက်သေးသမျှ ကာလပတ်လုံး ချမ်းသာသုခခံစားရာအမှန် လူ့ဘ၀၊ နတ်ဘ၀တို့သို့သာ ရောက်ရှိခံစားရမည် ဖြစ်ပါသည်။
Saturday, June 19, 2010
မြေကြီးကရွှေသီးတဲ့ ဘူမိနက်သန်
မချိပြုံးနဲ့သွား
ငါးနှစ်ကာလအတွင်း ကမ္ဘာကို တော်တော်နှံ့သွားပြီ။ ပိုက်ဆံလည်း အသင့်အတင့်စုမိပါတယ်။ မိဘတွေက စုဆောင်းပေးထားတယ်လို့ ပြောကြတယ်။ သူက အိမ်ထောင်မရှိသေးပါဘူး။ တစ်သက်လုံးသင်္ဘောသား လုပ်တော့မှာလားလို့ မေးတော့ ဒီအ တိုင်းပဲ ဆက်လုပ်ရမှာပေါ့ဆရာရယ်လို့ မချိပြုံးနဲ့ ဖြေပါတယ်။ နှစ်နာရီလောက်ကြာအောင် စကားတွေပြောပြီးတော့ သူပြန်သွားပါတယ်။ သူပြန်သွားပေမယ့် သူမျက်နှာမှာ တဒင်္ဂမြင်တွေ့လိုက်ရတဲ့ မချိပြုံးလေးက မျက်စိထဲမှာကျန်နေရစ်တယ်။ သင်္ဘော တက်ခါနီး သူလာကန်တော့နှုတ်ဆက်တုန်းကလည်း ဒီမချိပြုံးလေးနဲ့ပါပဲ။
မချိပြုံးနဲ့ပြန်
သူက စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ရသူပါ။ အပျော်တမ်းပန်းချီဆရာလည်း ဖြစ်တယ်။ဒါပေမဲ့ အခြေအနေကတွန်းပို့လိုက်တော့ သင်္ဘောတက်သွားရတယ်။ အခုငါးနှစ်ကြာမှ ပြန်ရောက်လာတယ်။ မချိပြုံးနဲ့ သင်္ဘောတက်သွားသူဟာ ပြန်ဆင်း လာတော့လည်း မချိပြုံးနဲ့ပဲတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။ရေကြောင်း
အတွင်းဦးနှောက်ယိုစီးမှု
သတင်းစာဖတ်တဲ့အခါ ကြော်ငြာတွေကို စေ့စေ့စပ်စပ်ဖတ်သူဆိုတော့ အမြီးအမောက်မတည့်တာမျိုးတွေ တော်တော်များတာကို သတိပြုမိပါတယ်။ ဆရာဝန်က ကျူရှင်ကျောင်းဖွင့်တာ၊ ဆောက်လုပ်ရေး လုပ်ငန်းလုပ်တာ၊ သတ္တုတွင်းအင် ဂျင်နီယာက အရက်ချက်စက်ရုံ မန်နေဂျာဖြစ်နေတာ။ ချည်မျင်နဲ့အထည်အလိပ်လုပ်ငန်း အင်ဂျင်နီယာက ရေသန့်စက်ရုံထောင်တာ စတဲ့စတဲ့ ယူခဲ့တဲ့ဘွဲ့နဲ့ လုပ်တဲ့အလုပ်မအပ်စပ်တာမျိုးတွေ နေ့စဉ်လိုတွေ့ရတယ်။ ပညာတတ်တွေ နိုင်ငံခြားထွက်သွားကြတာမှ 'ဦးနှောက်ယိုစီးမှု' မဟုတ်ဘဲ ဒါမျိုးတွေလည်း ဦးနှောက်ယိုစီးမှုတွေပါလားလို့ တွေးမိတယ်။ ဒီလို 'အတွင်းဦးနှောက်ယိုစီးမှု' (internal braindrain)က ပိုများမယ်ထင်တယ်။ မင်္ဂလာဆောင်ကြော်ငြာတွေကို ဖတ်ကြည့်ရင်သိနိုင်ပါတယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာ၊ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အလုပ်အကိုင်မျိုးကို လုပ်ကိုင်နေရမှ ကျေနပ်အားရမှု၊ ပျော်ရွှင်ကြည်နူးမှုတို့ကို ရရှိခံစားနိုင်တာဖြစ်တယ်။ ပိုက်ဆံကြောင့် မလုပ်ချင်ဘဲ လုပ်ရတဲ့ အလုပ်မျိုးမှာ ဘယ်သူမှမပျော်ပိုက်ပါဘူး . . . |
ဘူမိနက်သန်ဒေသ
ဒီလိုအမြီးအမောက်မတည့်မှုတွေဟာ လူတစ်ဦးချင်းစီ အတွက်သာ မကောင်းတာမဟုတ်ဘူး။ နိုင်ငံတစ်ခုလုံးအတွက်ပါ မကောင်းတာဖြစ်တယ်။ မြန်မာနိုင်ငံဟာ အတော်ထူးခြားတဲ့ 'ဘူမိနက်သန်' ဒေသဖြစ်တယ်။ ဘယ်နေရာတူးတူး မြေအောက်သယံ ဇာတအမျိုးမျိုးကတော့ ထွက်နေတာပဲ။ ရေနံထွက်တဲ့ နေရာထွက်၊ ရွှေထွက်တဲ့ နေရာထွက်၊ ကျောက်မျက်ရတနာ ထွက်တဲ့နေရာထွက်၊ သတ္တုမျိုးစုံ ထွက်တဲ့နေရာထွက်နဲ့ မြေကြီးကရွှေသီးဆိုတဲ့ စကားအတိုင်း တကယ် ကိုဖြစ်နေတာ။သတ္တုတွင်းအင်ဂျင်နီ
ပိုက်ဆံကြောင့်လုပ်ရတဲ့အလုပ်မှာ မပျော်နိုင်
အရက်ချက်စက်ရုံမန်နေဂျာလုပ်ရတဲ့ သတ္တုတွင်းအင်ဂျင်နီယာအဖို့လည်း သူ့ပညာတွေ အဟောသိကံ ဖြစ်ရရုံမက၊ သူ့ကိုယ်သူကျေနပ်မှု(self satisfaction)နဲ့ သူ့ကိုယ်သူနဲ့ သူ့အလုပ်ကိုတန်ဖိုးထားမြတ်နိုး
သေမထူး နေမထူးစိတ်
မပျော်ပိုက်ရုံဆို ကိစ္စမရှိဘူး။ လုပ်ချင်တဲ့အလုပ်ကို ပိုက်ဆံကြောင့် လုပ်နေရတာဆိုရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုနဲ့ မြတ်နိုးတန်ဖိုးထားမှုပါ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါမကောင်းပါဘူး။ အဲဒီကဆက်ပြီး အလိုမကျ မကျေမချမ်းဖြစ်မှု (frustration) နဲ့ သေမထူးနေမထူးဆိုတဲ့ မျှော်လင့်ချက်မဲ့ အခြေအနေ (desperatoin) တွေအထိ ကြီးထွားသွားနိုင်ပါတယ်။ လူတစ်ယောက်ဟာ 'မထူးစိတ်' ၀င်တဲ့သူ (desperados) အဆင့်ထိရောက်သွားရင် လုံးဝကို အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။ အင်မတန်ဆိုးပါတယ်။
ဝါသနာနဲ့ ကျွမ်းကျင်ရာလုပ်နိုင်ဖို့
မထူးစိတ်ဝင်တဲ့လူရမ်းကားတွေ ပေါ်ပေါက်မလာစေဖို့အတွက် လူတိုင်းလူတိုင်း ကိုယ့်ဘ၀ကိုယ်ကျေနပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမြတ်နိုးမှုရှိအောင် ဖန်တီးပေးဖို့လိုပါတယ်။ လူတိုင်းဟာ ကိုယ်ဝါသနာပါပြီး ကိုယ်ကျွမ်းကျင်လိမ္မာတဲ့ အတတ် ပညာနဲ့ အလုပ်လုပ်နိုင်အောင်လည်း ဆောင်ရွက်ပေးကြရပါမယ်။ အလုပ်လုပ်တယ်ဆိုတာ ထမင်းစားဖို့အတွက် ပိုက်ဆံရှာတဲ့သဘောသက်သက်သာ မဖြစ်စေရပါဘူး။ အလုပ်ကကျေနပ်မှုနဲ့ ပျော်ရွှင်မှုကိုပေးနိုင်ရပါမယ်။ အဲဒါမျိုးကို မပေးနိုင်သရွေ့ ပြင်ပဦးနှောက်ယိုစီးမှုရော အတွင်းဦးနှောက်ယိုစီးမှုပါ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
မလွှဲသာလို့သွားကြရတာ
မြန်မာလူမျိုးများဟာ ပင်ကိုဗီဇကိုက မေတ္တာတရားကို အလေးအနက်ထားပြီး သံယောဇဉ်အင်မတန်ကြီးတတ်တဲ့ လူမျိုးဖြစ်တယ်။ ဇာတိရပ်ရွာနဲ့ မိဘသားချင်းများကိုခွဲပြီး တစ်နယ်တစ်ကျေးသွားရောက်နေထိုင်
ထမင်းဝဖို့ လိုတယ်
အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံရဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ ဒါပေမဲ့ အလုပ်လုပ်နိုင်ဖို့အတွက် ထမင်းဝအောင် စားရဖို့တော့လိုပါတယ်။ အလုပ်ရှင်တွေဘက်က ဒီအချက်ကို အရေးကြီးတဲ့အချက်အဖြစ် စဉ်းစားဖို့ မဖြစ်မ နေလိုအပ်ပါတယ်။ အခုထိတော့ အလုပ်ရှင်တိုင်းလိုလိုဟာ ဒီအချက်ကို သိပ်အလေးမထားကြတာ တွေ့ရတယ်။ အလုပ်သမားလစာသတ်မှတ်ရာမှာ တူညီတဲ့ အခြေခံစံနှုန်းတစ်ခုမရှိဘဲ အလုပ်ရှင်ရဲ့ သဘောတစ်ခုတည်းနဲ့ပဲ သတ်မှတ်လေ့ရှိတယ်။ ဒီလောက်နဲ့ ကျေနပ်ရင်လုပ်၊မကျေနပ်ရင် မလုပ်နဲ့ဆိုတဲ့သဘော။အလုပ်သမား
နေရာတိုင်းမှာ နိုင်ငံတကာစံချိန်
ဒီနေ့ခေတ် လုပ်ငန်းခွင်တိုင်းမှာ ခေတ်မီစက်ကိရိယာတွေ၊ ခေတ်မီ နည်းပညာတွေ၊ ခေတ်မီစီမံခန့်ခွဲမှု ပညာတွေနဲ့ နေရာတိုင်း၊ နိုင်ငံတကာစံချိန်မီဖြစ်အောင် ကြိုးစားနေကြတာ တွေ့ရတယ်။ ဒါပေမဲ့ လုပ်ခလစာကျတော့ နိုင်ငံတကာစံချိန်မီ အောင်မပြုပြင်ဘဲ မြန်မာစံချိန်နဲ့ပဲ ပေးမြဲပေးနေကြတယ်။ အဲဒါကြောင့် ဦးနှောက်ယိုစီးမှုတွေကို မတားဆီးနိုင်တာဖြစ်တယ်။မကြာမီက ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးလိုက်ပြီးတဲ့နောက်
ပညာရှင်တွေအများကြီးလို
ဒီလိုအတုယူတာဟာ စီးပွားရေးလုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့အတွက် စက်ကိရိယာသစ်တွေ ၀ယ်နိုင်ရုံနဲ့ မပြီးသေးပါဘူး။ စက်သစ်၊ နည်းပညာသစ်တွေကို သင်ယူတတ်ကျွမ်းတဲ့ ပညာ ရှင်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ရှေးက ဆန်စက်ဟောင်းကြီးတွေက (မေဆရာ)စက်ဆရာအိုကြီးကို ခေတ်ပေါ်ကွန်ပျူတာထိန်းချုပ် ဆန်စက်သစ်ကြီးမှာ အင်ဂျင်နီယာခန့်လို့ မဖြစ်နိုင်တာ လူတိုင်းသဘောပေါက်ပါတယ်။ ရပ်ကွက်ထဲက ရေပိုက် ပြင်တဲ့ လူကို ဓာတ်ငွေ့ပိုက်သွယ်တန်းတဲ့နေရာမှ
Friday, June 11, 2010
စံပြ အမျိုးသမီးတစ်ယောက် ဖြစ်ရန်. စိတ်ထားဂုဏ်ဒြပ် နဲ့ လူသားဂုဏ်ဒြပ်
စိတ်ထားဂုဏ်ဒြပ်
၁. ယောကျာ်းများအပေါ်နားလည်မှုရှိခြင်း
သူ့လိုအပ်ချက် အကြိုက်ကို သိရမယ် ကိုယ့်လိုအပ်ချက်အကြိုက်နှင့် တူချင်မှ တူမယ် ညှိရမယ် လျှော့တန် လျှော့ရမယ်
၂. ပျော်ပျော်ရွှင်ရွှင် နေတတ်ခြင်း
ဘ၀ အဆင်မပြေဘဲနှင့်တော့ ဘယ်သူက ပျော်ရွှင် နေနိုင်မှာလဲ ဒါပေမယ့် သားမယားရယ်ရယ်မောမော နေတာ ကို
ယောကျာ်းတွေ က မျှော်လင့်နေကြတာ ဒီအရယ်အပြုံးကို အဓွန့်ရှည်ဖို့က သူတို့ အလုပ် ရယ်တတ်ပြုံးတတ်ဖို့ က ကိုယ့်
အလုပ်. ပျော်စရာကို စဉ်းစား ပျော်တတ်အောင် ကျေနပ်တတ်အောင် စိတ်ကို လေ့ကျင့်ယူ
၃. တန်ဖိုးတက်အောင် နေထိုင်ခြင်း
ယောကျာ်းတစ်ယောက် က စိတ်ရှည် သည်းခံမှုကို နှစ်သက်တယ်. သူ စိတ်တိုတိုင်း ရိုင်းပြတိုင်း ပြိုင်တူ ပြိုင်ရိုင်း လုပ်လို့က
ဘယ်တန်ဖိုးလာတက်ပါတော့မလဲ. အမုန်းချင်း ပြိုင်တဲ့ ဆီကိုသာ ဦးတည်ကုန်ကြလိမ့်မယ်
အထူးသဖြင့် မိန်းမ လုပ်သူက သူ့ယောကျာ်းထက် အကျင့် စာရိတ အဆတစ်ရာ သာလွန်နေမှ ဖြစ်မှာ ဘာကိုမှ အပြစ်ရှာ
လက်ညှိုးထိုးပြစရာ မရှိမှကို ဖြစ်မှာ
၎. အိမ်ဧ။် သခင်မ နေရာ ရယူခြင်း
အိမ်ကို သန့်ရှင်း တောက်ပြောင်နေစေရမယ် ကိုယ်ကိုယ်တိုင်မလုပ်နိုင်တဲ့အခါ ငွေပေးခိုင်းလို့ရတဲ့ သူကို စနစ်တကျ
ပြုပြင်ခိုင်း အရသာရှိတဲ့ ထမင်း ဟင်း မုန့်ပဲ သရေစာ တွေ ရှိပါစေ ကလေးတွေ အတွက် မိခင် နေရာ ယောကျာ်း အတွက်
ဇနီးမယားနေရာ ဘယ်သူ့ မှ လွှဲမပေးဘူး ဆိုတဲ့ မူကို ဆုပ်ကိုင်ထား. စိတ်ရှည် သည်းခံ တောင်းဆိုသံ တွေ ပဲ
ညံမနေပါစေနှင့်ပေါ့.
လူသားဂုဏ်ဒြပ်
၅. မိန်းမ ပီသခြင်း
သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး ပြုပြင်လှုပ်ရှားနေထိုင်မှုကို ဆိုလိုတယ်.ကိုယ်နေဟန်ထား က အစ အ၀တ်စားဆင်ယင်
ပုံ က အသ မိန်းမဆန်နေရမယ် ကျားကျားလျားလျား လုပ်မှ ဖြစ်မယ့် အလုပ်တွေဆိုရင် ယောကျာ်းနှင့်တွဲလုပ်တာ
ပိုကောင်းပါတယ်.
၆. ပျော်ရွှင်မှု ဖြန့်ဝေ ကူးစက်စေခြင်း
မျက်လုံးက ၀င်းလက်ပြီး အေးချမ်းတဲ့ အကြည့်ရှိရမယ် တေးဆိုညည်းတာ ပြုံးတာ ရယ်တာ ချီးကျူးစကား ပြောတာ
အကောင်းမြင်တတ်တာတွေ ရှိရမယ်
ရ. ကျန်းမာလန်းဆန်းမှု ရှိခြင်း
ကိုယ်ခနွှာ အလှအပ က ကျန်းမာ မှ ပေါ်လွင်မှာ မျက်နှာကိုလည်း လိုအပ်သလောက် ခြယ်သရမယ် သန့်ရှင်းမှုနှင့်
ဂရုတစိုက် နေတတ်မှု က ကိုယ်ကိုယ်တိုင်ရော အနီးအပါးက မြင်သူ ကို ပါ ကြည်နူးလန်းဆန်းစေလိမ့်မယ်
၈. ကလေးဆန်မှု အတန်အသင့် ရှိခြင်း
အပြစ်ကင်းကင်း အယုံကြီးကြီး အားကိုးတကြီး စိတ်မျိုးတွေ အမျိုးသားအပေါ်ထားရှိပြီး ရိုးသားစွာ နွဲ့တတ်ရမယ်.
ကလေးလိုအလိုက်မသိ ဆိုးရွားတတ်တာမျိုးနှင့် မရောထွေးပဲချစ်စရာဖြစ်အောင်နေတတ်ဖို့ကို ဆိုလိုတာပါ.
ဖော်ပြခဲ့တဲ့ အချက်လက်တွေက အိမ်ထောင်တစ်ခုရဲ့အေးချမ်း သာယာမှုကို ဆောင်ကြဉ်းပေးမှာ သေချာတယ်. ဒါမှလည်း မိန်းမသားတွေ အတွက် လုံခြုံမှု တည်ငြိမ်မှု့ ရှိတော့မှာပေါ့.......
အမွေ
အဖေ၊အမေ တွေဆီက ရခဲ့တဲ့ပစ္စည်းတွေ ဖြစ်ခြင်ဖြစ်မယ်။ဒီပစ္စည်းတွေကြောင့် လူတွေပြသနာ
ဖြစ်နေကြရပါတယ်။အမွေဆိုတာရထိုက်မှရတာပါ။ရရင်ကိုယ့်အတွက် ၀မ်းသာစရာပေါ့။မရတော့လည်း
ဘာဖြစ်လဲ ၊ ဒီလိုတွေးနိုင်ဖို့ တော့လိုပါတယ်။ကျွန်တော်အမွေနဲ့ ပတ်သက်ပြီးပြသနာ
အများကြီးဖြစ်ခဲ့တာတွေ ကိုတွေ့ ဘူးပါတယ်။သေသေချာချာစဉ်းစားကြည့် ရင်တော်တော်စိတ်
မကောင်းစရာ ဖြစ်ရမဲ့ကိစ္စတွေပါ။ ညီအကို မောင်နှမဆိုတာ တအူထုံဆင်း
အမေ၀မ်းမှပေါက်ဖွားလာခဲ့သူတွေပါ။ငယ်စဉ်ထဲက တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ 
ချစ်ချစ်ခင်ခင် နေလာကြသူတွေဖြစ်ပါတယ်။ အသက်တွေရလာပြီး အိမ်ထောင်ရက်သား တွေတောင်ကြကုန်ပြီးတော့မှ
တစ်ယောက်နဲ့ တစ်ယောက် အမွေကိစ္စကြောင့် အဆင်မပြေတာတွေ မျက်နှာခြင်း မဆိုင်တော့တာတွေ
တရားတွေ အမှုတွေ ရင်ဆိုင်ကြတာတွေဟာ တော်တော် စိတ်မကောင်းဖြစ်ရမဲ့
အချက်တွေပါ။တစ်ကယ်မှာ ညီအကိုမောင်နှမအချင်းချင်း သံယောဇဉ် ရှိ ကြပေမယ့် အတ္တဆိုတဲ့
ကိုယ်ရဲ့အတွက်၊ ကိုယ့်ရဲ့သားသမိးအတွက်ဆိုပြီး ကိုယ်ကအရင်းအချာ တွေအပေါ်မှာ
အနိုင်ယူမယ်။အမြတ်ထုပ်မယ် စသည်ဖြင့်မဆီလျှော်တာတွေကို တွေးခေါ်ပြီးကြံစည်
ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ဇနီး၊ခင်ပွန်းပြီးရင် ကိုယ့်ရဲ့အရင်းနှီးဆုံးလူတွေဟာ
ညီအကိုမောင်နှမတွေ ဖြစ်ပါတယ်။ ဒါတွေကမေ့လျှောပြီး ငွေဆိုတဲ့အရာက အားလုံးကို
ဖုံးကွယ်ပြစ်လိုက်တက်ပါတယ်။သေသေချာချာ အမြဲစဉ်းစားသင့်ပါတယ်။အမေရဲ့ စိန်နားကပ်ကြီး
ဘယ်ရောက်သွားလဲ ဘယ်သူယူသွားသလဲ ဘယ်သူမလိမ့် တစ်ပတ်နဲ့ အဘွားကြီးဆီက
ယူသွားသလဲဆိုတဲ့ ပူလောင်တဲ့အတွေးတွေကို တက်နိုင်သလောက် လျှော့ပစ်သင့်ပါတယ်။
အသက်ကြီးရင့်လာတဲ့ ဆွေမျိုးတွေ အဒေါ်တွေ၊ဦးလေးတွေကို လူတွေဟာစောင့်ရှောက်ဖို့ 
ဝန်လေးတက်ကြတယ်။ ဒီလူတွေ ကွယ်လွန်သွားတဲ့အခါကြရင်တော့ ဘယ်သူ့ မှာဘာအတွင်း ပစ္စည်းတွေရှိတယ်
ကျွန်တော်ကို ကျွန်မ ကိုပြဘူးတယ်။ ဘယ်ရောက်သွား ပြီလဲဆိုပြီးပြသနာရှာကြတဲ့
ဇတ်လမ်းတွေ ရှိပါတယ်။ ဒီခိုကိုးရာမဲ့ လူကြီးတွေကလည်း သူတို့ အပေါ်မှာ
ကောင်းခဲ့တဲ့သူကိုသာ သူတို့ ပေးခဲ့ခြင်တယ်။ တစ်သက်လုံးတော့မစောင့်ရှောက်ဘဲ
သေခါမှ ပစ္စည်းလိုခြင်လို့  ပြသနာ ရှာတဲ့လူတွေလည်း
ရှိပါတယ်။ အမွေဆိုတာကို ကျွန်တော်အမြင်မှာတော့ ရထိုက်မှရပါတယ်။ကိုယ်အနိုင်ယူပြီး
ရထားရင်လည်း ဒီ ပစ္စည်းတွေဟာ မြဲမှာမဟုပ်ပါ။ ကိုယ်နဲ့ မထိုက်တဲ့ပစ္စည်းဟာ ဘယ်တော့မှ
မတည်မြဲဘူးဆိုတဲ့ အသိအမြဲရှိနေဖို့ လိုပါတယ်။မြဲနေရင်တောင်မှ တစ်နေ
့ဘာသာရေးလုပ်လို့ တရားရှိလာတဲ့ အချိန်မှာ စိတ်မချမ်းသာဖြစ်ရပါလိမ့်မယ်။
ဘ၀ဆိုတာအသက်ကတိုတိုလေးပါ။
ဒီလိုတိုတောင်းဘ၀လေးမှာ စိတ်ချမ်းချမ်းသာသာနဲ့  ညီအကိုမောင်နှမတွေ
စည်းစည်းလုံးလုံး နေသွားကြတာကို တမလွန်ဘ၀မှ မိဘများ မြင်ခြင်ကြမှာဖြစ်ပါတယ်။
ဒါမှလည်းမိဘကျေးဇူးေ၇ာက်ပါမယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။
အိမ်ထောင်ရေးနှင့်သူ၏အမြင်
အိမ်ထောင်ရေးနှင့်သူ၏အမြင်
အခု ကျွန်တော်တင်သော poest ကလေးသည် မည်သူကိုမှ ရည်ညွှန်းခြင်းမရှိပါ။ယောက်ျားကလေးများကို နာစေမိန်းခလေးများကို သာစေလိုသည့် စိတ်မျိုးလည်းမရှိပါ။ သူငယ်ချင်းအားလုံးနှင့် သိထားသင့်သည်ဟူသော ရည်ရွှယ်ချက်ကြောင့်
တင်ပြရခြင်းဖြစ်ပါသည် သူငယ်ချင်းယောက်ျားလေးများလည်း ငါတော့ဘယ်အချက်နှင့် ကိုက်ညီ၍ မိန်းခလေးသူငယ်ချင်းများကလည်း ငါတော့ ဘယ်လိုလူမျိုးနှင့် ကိုက်ညီမှု့ ရှိသည်ဟူ တွေးတော ရီမောနိုင်ကြပါစေ…
အိမ်ထောင်ရှင်ဘဝ ရည်ရွယ်တည်ဆောက်ကြမည့် သမီးများသို့ ရည်ရွယ်ညွန်းပါသည်။ ချင့်ချိန်စဉ်းစား ဆုံးဖြတ်ပါ။
(ဘဝကြင်ဖေါ် ရွေးတတ်ကြပါစေ….နားလည်အောင်ကြိုးစားပါ…. ရွေးချယ်မူ မှန်ကန်ပါစေ…)
ဒုတိယတင်ထားတဲ့ post က ( ၃၁ ) မှာပြီးသွားတာဆိုတော့ အခု ( ၃၂ ) ကစလိုက်ပါတယ်ခင်ဗျာ။
၃၂။အေးဆေးသော ယောက်ျား
တချို့ ယောက်ျားတွေကတော့ အေးအေးဆေးဆေးပဲ သမီး……။ ဘာကိုမှ သိပ်ပြီးလေးလေးနက်နက်တွေးပူမနေတတ်ကြဘူး။ ဘယ်ကစ္စကိုမှလည်း အားစိုက်ထုတ်ပြီး မကြိုးစားခြင်ကြဘူး။။။
သူတို့ဟာ ဘဝပေးအခြေအနေပေါ်မှာပဲ ရေလိုက်ငါးလိုက် နေသွားတတ်ကြတယ်။ လူတွေနဲ့ ဆက်ဆံရာမှာလည်းလိုက်လျှောညီထွေပြုတတ်တာမို့သူတို့မှာရန်လိုသူလည်းမရှိတတ်ဘူး။ ပြသနာဆိုတာတွေကိုလည်း သူတို့က ရှောင်ကျဉ်တတ်ကြတယ်။
အလိုဆန္ဒဆိုတာကို ဦးစားမပေးတတ်တာမို့ သူတို့မှာ ရည်မှန်းချက်ဆိုတာလည်း မရှိကြဘူး။ ယုတ်စွအဆုံး တစ်နေ့တာအတွက်တောင် ဘာတွေဆောင်ရွက်ရမယ်ဆိုတဲ့ အစီအစဉ်ကလေးမှ မရှိကြသူတွေပါ။
သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ အရောင်ကို လိုက်ပြောင်းတတ်ကြသူတွေပဲ။ လူချစ်လူခင် များသူတွေပါပဲ။
ဘဝကို အေးဆေးတည်ငြီမ်စွာ နေထိုင်ခွင့်ရရှိထားရင်တော့ သူတို့ဟာ ကံကောင်းသူတွေပေါ့ကွယ်။
ဒါမှမဟုတ်ရင်တော့ အလွယ်လိုက်မိလို့ မှားကြဖို့ရှိလေရဲ့။ သူတို့ဟာ ဦးဆောင်လိုခြင်းမရှိသူတွေမို့ ခပ်ညံ့ညံ့ယောက်ျားတွေလို့ ဆိုရမယ် သမီး။။ သူတို့ဟာ အဆိပ်ကင်းသူတွေပဲပေါ့။
ဒါကြောင့် သူတို့ကိုသာ ဘဝတစ်သက်တာ လက်တွဲဖေါ်အဖြစ် သမီးရွေးချယ်မယ်ဆိုရင် သေသေချာချာ စဉ်းစားရမယ်နော်။ အေးအေးနေချင်သူ၊ ဘဝကို ရိုးသားအေးဆေးစွာ အပူအပင်ကင်းစွာနေထိုင်သွားလိုသူ ယောက်ျားတစ်ယောက်အနေနဲ့ မိမိဘဝကို အောင်မြင်တိုးတက်မြင့်မားအောင် ကြိုးစားတည်ဆောက်လိုသော မိန်းမသားတစ်ယောက်ဟာ ဘယ်လိုများမှ သဟဇာတဖြစ်လာနိုင်ပါ့မလဲ သမီးရယ်။ (အသွင်မတူရင် ကြင်သူ မဖြစ်ဘူး)
၃၃။ စီးပိုးသော ယောက်ျား
တချို့ယောက်ျားတွေကြတော့ နေရာတကာ စီးပိုးလွန်းတတ်ကြပြန်တယ်။ ဘယ်နေရာမဆို အသာစီးက နေချင်တတ်သူမျိုးပေါ့။ ဘယ်သူ့ကိုမှ အကြောမခံ မာန်မာနခက်ထန်လွန်းကြသူတွေပဲလေ။
သူတို့ဟာ အနိုင်မခံ အရှုံးမပေးခြင်တတ်ကြသူတွေမို့၊ လူချစ်လူခင် နည်းပါးတတ်ကြသူတွေ ဖြစ်ကြတယ်။ သူတစ်ပါးအပေါ် ညွန့်လိုက်ရမှ ကျေနပ်တတ်ကြသူမို့ လူမုန်းလည်း များတတ်သူတွေဖြစ်တယ်။ သူများထက် ဦးလိုက်ရမှ၊ သူများထက် နှာတစ်ဖျားလောက် သာလိုက်ရမှ၊ သူများကို ကြောလိုက်ရမှ၊ သူများရဲ့ အထက်က နေလိုက်ရမှ နှစ်သက်တတ်ကြသူတွေမို့ သူတို့ရဲ့ဘဝဟာလည်း များသောအားဖြင့် နောက်တန်းမှာ ရှိမနေတတ်ဘူးလေ။
သူတို့ဟာ အောက်ကျနောက်ကျဖြစ်မှာကို အလွန်ကြောက်တတ်ကြတယ်။ ဒါကြောင့် သူများနောက်လိုက်မလုပ်တတ်ကြဘူး။ ရှေ့ကမသွားနိုင်လည်း နောက်ကမလိုက်တတ်ကြပဲ နံဘေးကနေ ကန့်လန့်တိုက်တတ်သူမျိုးတွေဆိုပါတော့။
အဲဒီလိုယောက်ျားမျိုးတွေဟာ အနစ်နာခံတတ်ခြင်း၊ ခွင့်လွှတ်သည်းခံတတ်ခြင်း၊ နားလည်ခံစားပေးတတ်ခြင်း စတဲ့ အကြင်နာတရားတွေ ခေါင်ပါးကြသူများ ဖြစ်ကြတယ်။ သူတို့မှာ သဒ္ဒါတရားရှိတယ်ဆိုရင်တောင်မှ သူတစ်ပါးအပေါ် ရှင်ပြိုင်မှု၊ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ရောယှက်နေကြတယ်။
စီးပိုးသော ယောက်ျားမျိုးကို ဘဝတစ်လျောက် လက်တွဲလိုတယ်ဆိုရင်တော့ အဲဒီမိန်းခလေးဟာ အလျော့ပေး လိုက်လျောတတ်သူဖြစ်ဖို့လိုလိမ့်မယ်။ ထက်မြက်သော မိန်းမသားတစ်ယောက်အတွက်ဆိုရင်တော့ မခံခြင်စိတ်တွေနဲ့ ပဋိပက္ခဖြစ်ကာ စလယ်ဝင် ဖင်မမည်းခင်က ကွဲကြရတော့မယ့် ယောက်ျားမျိုးပါပဲ။။။
(လောကအမြင်တွေ ကြည်လင်အောင် ဥာဏ်ပညာတွေရှိအောင်လုပ်ပါ)
၃၄။ ပြောင်းလည်းတတ်သော ယောက်ျား
တချို့ယောက်ျားတွေကြတော့ ပုတ်သင်ညိုလို အရောင်ပြောင်းတတ်ကြလေရဲ့။ တချို့က တမင်ဖန်
တည်းပြောင်းလည်းတတ်သူဖြစ်ပြီး တချို့ကတော့ ဆွဲဆောင်မူကြောင့် လိုက်ပါပြောင်းလည်းတတ်သူဖြစ်
တယ်။
ဖန်တည်းပြောင်းလည်းတတ်သူဆိုတာကတော့ သူတို့ဘဝအတွက် လိုအပ်လာပြီဆိုရင် ဒေါင်ကျကျ ပြားကျကျ နေပြတတ်သူမျိုးပေါ့။ မာသင့်တဲ့နေရာ မာ၊ ပျော့သင့်တဲ့နေရာ ပျော့နဲ့
အလျော့အတင်းလုပ်ပြီး ဆက်ဆံတတ်သူမို့ သူတို့ရဲ့ ပင်ကိုစိတ်ရင်းကိုတော့ မမြင်သာနိုင်ဘူးလေ။
မချစ်သော်လည်း အောင့်ကာနမ်းတတ်ကြတာမို့ အဲဒီလိုယောက်ကျားတွေဟာ ရိုးသားသူတွေ
မဟုတ်တတ်ကြဘူး။ ဒါကြောင့် သူတို့ကိုလက်တွဲမယ်ဆိုရင် လေးလေးနက်နက် လေ့လာဖို့ လိုလိမ့်မယ်။
အပေါ်ယံအမြင်နဲ့ သူတို့ကို အကဲခတ်ဖို့ မလွယ်လှဘူးနော်။။
ဆွဲဆောင်မူကြောင့် လိုက်ပါပြောင်းလည်းတတ်သူတွေကတော့ အကဲခတ်ဖို့ သိပ်မခဲယဉ်းလှပါဘူး။
သူတို့ဟာ သူတို့ပေါင်းသင်းဆက်ဆံနေသူတွေနဲ့ လိုက်လျောညီထွေ ရှိနေတတ်တာမို့ တသီးတသန့် ထူးခြား
မူ မရှိသူတွေပါပဲ။
သူတို့ဟာလည်း ပင်ကိုစရိုက်ကိုဖျောက်ပြီး ပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလည်းနေထိုင်တတ်သူတွေ ဖြစ်ကြတယ်။ သူတို့ကို လက်တွဲမယ်ဆိုရင်တော့ မိမိအပေါ် အမှန်တကယ် ကြင်နာမြတ်နိုးစွာ ချစ်ရိုးမှန်ရင် မိမိစိတ်တိုင်းကြ ပြုပြင်နေထိုင်သွားနိုင်မယ်လို့
ထင်မှတ်ရတာပါပဲ။
ဒါပေမဲ့ သမီးရေ…….ပြောင်းလည်းတတ်သော ယောက်ျားတစ်ယောက်ဟာ အပြောင်းအလဲ မြန်တတ်တယ်နော်။ သူတို့ဟာ ရာသက်ပန် ရိုးမြေကျ ပြောင်းလဲခြင်းကင်းစွာ လက်တွဲသွားနိုင်သူတွေ
ဖြစ်ပါ့မလား…..စဉ်းစားဦးနော်။ (အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး နောင်ပြင်ရန် ခက်
သည့် အမျိုး- တဲ့)
၃၅။ ဆွဲဆောင်မှုရှိသော ယောက်ျား
တချို့သောယောက်ျားတွေကတော့ ဆွဲဆောင်မှုရှိကြသူတွေပါ။ မိန်းခလေးတွေ နှစ်သက်စွဲမက်တဲ့
ရုပ်ရည်ရှုပကာ ရှိကြသူတွေ ဆိုပါစို့။ သူတို့ရဲ့ မျက်လုံးတွေမှာ ညှို့ယူဆွဲငင်နိုင်တဲ့ စွမ်းအားတွေ ထည့်သွင်း
ထားတတ်တဲ့ ယောက်ျားမျိုးတွေပေါ့။
မျက်လုံးတွေမှ မဟုတ်ဘူး။ သူတို့ရဲ့မျက်နှာမှာလည်း အပြုံးတစ်မျိုးကို ဖန်တီးထားတတ်ကြတယ်။ ပြီးတော့ သူတို့ရဲ့ စကားသံကိုလည်း ပျော့ပျောင်းညင်သာအောင် စွမ်းဆောင်နိုင်ကြတယ်။ စူးရှတဲ့ အကြည့်၊
နွေးထွေးတဲ့ အပြုံးနဲ့ နူးညံ့တဲ့ အသံတွေဟာ သူတို့ရဲ့ ဆွဲဆောင်မှု စွမ်းရည်တွေပါပဲ။
တချို့ကြတော့လည်း သူတို့ရဲ့ ဘဝပေါ့လေ။ သူတို့တည်ဆောက်ပိုင်ဆိုင်ထားတဲ့ ဘဝကို သာယာစိုပြေ ချမ်းမြေ့စေနိုင်မယ်လို့ ယုံကြည်ရတဲ့ ဆွဲဆောင်မှုရှိနေတာမျိုးပေါ့။
သူတို့ဟာ ဆွဲဆောင်မှု ရှိသူတွေဖြစ်လို့ သူတို့ကို တဖက်သတ် စိတ်ဝင်စားတဲ့ မိန်းခလေးတွေ၊ စတင်ရင်းနှီးဖို့ ကြိုးစားလာတဲ့ မိန်းခလေးတေ၊ွ အရူးအမှုး စွဲလမ်းတတ်မက်မိတဲ့ မိန်းခလေးတွေ အများကြီး
ရှိနေတတ်ကြတယ်။
အဲဒီအတွက် သူတို့ကလည်း ကျေနပ်နေတတ်ကြတယ်။ တည်ကြည်သူ မဟုတ်ရင်တော့ အဲဒီလို
ယောက်ျားတွေဟာ မိန်းမပွေသူ၊ ရည်းစားပေါသူ၊ မျက်နှာများသူတွေ ဖြစ်တတ်ကြတယ်။ ဒါမှမဟုတ် အိမ်ထောင်ရေး ဖောက်ပြန်သူတွေ ဖြစ်တတ်ကြတယ်။ ခက်တာက မိန်းခလေးတွေ ကိုယ်တိုင်က သူတို့ကို
နှစ်သက်စွဲလမ်းကြတာကိုး။။။
ဒါကြောင့် ဒီလိုယောက်ျားမျိုးကို ရွေးချယ်မိသူဟာ စိတ်မချနိုင်ခြင်း သံသရာမှာ လုံးချာလိုက်နေရတော့မှာပေါ့။ မိန်းမကြမ်း လုပ်ပြတတ်ရပြီး မခံနိုင်တဲ့ အဆုံးမှာတော့ ရန်ပွဲတွေရပ်၊ မျက်ရည်ခံထိုးရပြီပေါ့။ မရတဲ့အဆုံး လက်လွှတ် အရှုံးပေးလိုက်ရတဲ့အထိ ထိခိုက်နစ်နာနိုင်တာပေါ့ သမီးရယ်….။ (မိန်းမ မာယာ ဆိုပေမဲ့ ယောက်ျားတွေ မာယာပိုရင် လိုက်မမှီတော့ဘူးနော်)
၃၆။ ဘာသာမတူသော ယောက်ျား
သမီး လုံးဝရှောင်ကြဉ်အပ်သော ယောက်ျားအမျိုးအစားကတော့ ဘာသာမတူသော ယောက်ျားပဲ။ မြန်မာပြည်မှာ မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတာမို့သမီးရဲ့ ပတ်ဝန်းကျင်မှာ သမီးနဲ့ဘာသာမတူတဲ့ ယောက်ျားတွေ အများကြီးရှိနေနိုင်ပါတယ်။(နိုင်ငံခြားတိုင်းပြည်မှာနေသူတွေမှာ ပိုပြီးတွေ့နိုင်မှာပါ) ဒါကြောင့်ယောက်ျားတစ်ယောက်ကို စတင်လေ့လာရမှာက ကိုးကွယ်တဲ့ ဘာသာပါပဲ သမီး…..။။။
ဘာသာအယူဝါဒတိုင်းဟာ ကိုးကွယ်ဆည်းကပ်သူအတွက် လိမ္မာယဉ်ကျေးအောင် သွန်သင်ပေးလေ့ ရှိတတ်စမြဲပါ။ ဘယ်ဘာသာကိုမှ အထင်သေး စော်ကားခြင်း မပြုမိပါစေနဲ့။ ဘာသာခြားမိတ်ဆွေ သူငယ်ချင်းတွေကို ရင်နှီးချစ်ခင်စွာ ပေါင်းသင်းဆက်ဆံပါ။ ဒါပေမဲ့ ဘဝကြင်ဖေါ်အဖြစ်ကတော့ဘယ်နည်းနဲ့မှ လက်တွဲဖို့မဖြစ်နိုင်ဘူး သမီးရေ….။
ဘာသာအယူဝါဒ တစ်မျိုးဆီမှာ ရှိနဲ့ထားပြီးဖြစ်တဲ့ ဓလေ့စရိုက်၊ အလေ့အထနဲ့ ကိုးကွယ်ယုံကြည်မူတွေဟာ တစ်မျိုးနဲ့တစ်မျိုး ဘယ်လိုမှ ရောယှက်ပေါင်းစပ်လို့ မရနိုင်ဘူး။
တချို့ကပြောကြတယ်။ လက်တွဲကြမယ်။ ပြီးတော့ ကိုယ့်ဘာသာကို ကိုယ်ကိုးကွယ်ကြမယ်တဲ့။ မဖြစ်နိုင်တာပဲကွာ…….သမီးဇွတ် မလုပ်နဲ့ အစအဆုံး စဉ်းစားတတ်အောင်လုပ်ပါ။
လက်ထပ်တဲ့ ပထမ အဆင့်ကိုပဲ အရင်စဉ်းစားပါဦး။ ဘယ်လိုလက်ထပ်ကြမှာလည်း၊ မိဘချင်းပါပြသနာတက်ပြီ။
ဖြစ်ချင်ရာဖြစ် ဇွတ်တိုးကြမယ်ထား၊ သားချင်းတွေကို ကျောခိုင်းနိုင်ခြင်းဟာ ယာယီပဲဖြစ်မှာပေါ့။ အိမ်မှာရော ဘယ်လို ဘုရားစဉ်ထားမှာလည်း၊ မွေးလာတဲ့ သားသမီးတွေကော ဘယ်ဘာသာကို ယုံကြည်ကိုးကွယ် ခိုင်းကြမှာလည်း။ ပဋိပက္ခတွေ ဖြစ်ရတော့မယ်လေ…။
ဒါမျိုးဆိုတာ ဘာသာတရားကို ရိုသေလေးစားခြင်း မရှိသူတွေ ပြုမူတတ်တဲ့ မိုက်မှားမှုပါပဲ သမီး..။
ပြည့်ဝသော သာယာမူကို မရရှိနိုင်တာမို့ ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်တတ်ပါစေ။ (ကြက် နဲ့ ဘဲ ပေါင်းစပ်သလိုပါပဲ……..)
၃၇။ ရှက်တတ်သော ယောက်ျား
တချို့သော ယောက်ျားတွေကျပြန်တော့ ရှက်လွန်းတတ်ကြပြန်ပါရောကွယ်။ ရှက်တတ်ခြင်း နှစ်မျိုးရှိလေရဲ့။ တစ်မျိုးကတော့ မဝံ့မရဲခြင်းကြောင့်ဖြစ်ပြီး တစ်မျိုးကတော့ ဂုဏ်သိက္ခာအတွက် ဖြစ်တယ်။
မဝံ့မရဲခြင်းကြောင့် ရှက်တတ်သူတွေကတော့ လူပြော့လူညံ့တွေပဲ။ သူတို့ကို ဦးမဆောင်နိုင်သူအဖြစ် တွေ့နိုင်ပါတယ်။ နေရာတကာ ရှက်တတ်၊ ကြောက်တတ်တာမို့ လူတော မတိုးရဲသူတွေပေါ့။ ဆန္ဒမပြည့်ဝရင် ရှက်စရာဆိုတဲ့ အဆိုးမြင်အတွေးမျိုးနဲ့ မတောင်းခံရဲကြသူတွေပေါ့။ သူတို့ဟာ မကြွားဝါတတ်ပဲ ရိုးသားတတ်ကြပေမယ့် သတ္တိမရှိတဲ့ ယောက်ျားတွေမို့ အားကိုးထိုက်သူတွေ မဟုတ်ဘူးသမီး။
ဂုဏ်သိက္ခာကြောင့် ရှက်တတ်သူတွေကတော့ မာနကြီးလွန်းသူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ အင်မတန်ုစိုးရိမ် ကြောင့်ကြသူမျိုးတွေပေါ့။ သူတို့ဟာ သူတို့ဘဝတွေနဲ့ မအပ်စပ်ဘူးလို့ ယူဆသူတွေကို ဆက်ဆံရမှာ ရှက်တတ်ကြတယ်။ အဆင့်အတန်းခွဲခြားလွန်းပြီး မောက်မာတတ်ကြသူများ ဖြစ်တယ်။ လူတွေ ဝေဖန်ကဲ့ရဲ့ အပြစ်ပြောခြင်းခံရမှာ ရှက်တတ်ကြလွန်းတာကြောင့် အလွန်ဆင်ခြင်စွာ နေထိုင်လှုပ်ရှားတတ်ကြတယ်။
ရှက်တတ်သူတွေဟာ တကယ်တော့ တစ်ကိုယ်ကောင်းဆန်သူတွေဖြစ်တယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်လွန်းသူတွေဖြစ်တယ်။ နည်းနည်းကလေးမှ အမှားမခံတတ်ကြပဲ မိမိဂုဏ်သိက္ခာကို ဘာနဲ့မှ မလဲနိုင်ဘူးဆိုတဲ့ ယောက်ကျားမျိုးတွေပါပဲ။ သူတို့ဟာ အရှက်နဲ့လူလုပ်နေကြသူတွေ ဖြစ်တယ်။
သူတို့ကို ဘဝခရီးဖေါ်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ အဲဒီမိန်းခလေးဟာ မိမိဘဝတည်ဆောက်ရေးထက် သူတို့ရဲ့ အရှက်တရားကို ထိန်းသိမ်းကာကွယ်ရင်း သူတို့အရေးကို ဦးစားပေးနိုင်သူ ဖြစ်ရလိမ့်မယ် သမီးရေ…၊။ (အရှက်နဲ့ လူ့အသက်ရှင်နေရတာက မိန်းခလေးတွေပါ..သိလား)
၃၈။ အစွဲအလမ်းကြီးသော ယောက်ျား
တချို့သော ယောက်ျားတွေကြတော့လည်း အစွဲအလန်းကြီးလွန်းတတ်ကြပါတယ်။ ချစ်မိရင်လည်း အရူးအမှုးပဲဆိုတဲ့ ယောက်ျားမျိုးတွေပေါ့။ အချစ်ကြောင့် ဘဝပျက်တဲ့အထိ ခံစားနာကျင်တတ်ကြသူမျိုးတွေပေါ့။ သူတို့ဟာ တစ်ယောက်ဆိုတစ်ယောက် မပြောင်းမလဲ စွဲလမ်းတပ်မက် မြတ်နိုးတတ်ကြသူတွေဖြစ်တယ်။ သံယောဇဉ်တွယ်မိပြီ ဆိုရင်လည်း လွယ်လွယ်နဲ့ဖြတ်နိုင်ခဲကြတယ်။ တစ်စုံတစ်ရာ ဝါသနာပါပြီဆိုရင်လည်း တစိုက်မတ်မတ်အားထုတ်လေ့လာတတ်ကြတယ်။ အဲဒီဝါသနာဆိုတာဟာ ကောင်းမွန်သော အလေ့အထဖြစ်ရင် တော်ပါရဲ့၊ မကောာင်းသော အမူအကျင့်ပေါ်မှာများ စွဲလမ်းသွားခဲ့ရင်တော့ ဖြတ်မရတာနဲ့ ဒုက္ခရောက်ကြရမယ့်လူမျိုးတွေပေါ့ သမီးရယ်။ သူတို့ရဲ့ပတ်ဝန်းကျင်ဟာ သူတို့အတွက် အလွန်အရေးပါလှတယ်လေ။ သူတို့ဟာ ဒါဆိုမှ ဒါပဲဆိုတဲ့ တမ်းတမ်းဆွဲတတ်သူတွေပဲ။
သူတို့ယုံကြည်ဆွဲလန်းပြီဆိုရင် ဘယ်သူဖျက်ဖျက် မပျက်တော့ဘူးလေ။ သူတို့ရဲ့ဘဝကို လေ့လာကြည့်ရင်လည်း တစ်နေရာတည်းမှာ ကျောက်ချနေတတ်ကြပြီး အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်ကြတာ တွေ့ရလိမ့်မယ်။ ငယ်ဘဝက သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်မပျက် ခင်မင်တတ်ကြသူတွေပေါ့။
အစွဲအလန်းကြီးလွန်းသူတွေမို့ ခံစားချက်ကို ဦးစားပေးတတ်သူတွေပါပဲ။ လွယ်လွယ်နဲ့မမေ့တတ်သူတွေ ဖြစ်ပြီး သူတို့ဟာ အလွမ်းဝေဒနာကို အလူးအလဲ ခံစားတတ်ကြတယ်။
သူတို့ကို လက်တွဲမိသူ မိန်းခလေးအနေနဲ့ အဆိုးအကောင်း ယှဉ်တွဲခံစားရလိမ့်မယ်။ သစ္စာခိုင်မြဲခြင်းအတွက် ကြည်နူးရတတ်သလို မခွဲမခွါနိုင်အောင် စွဲလမ်းခြင်းအတွက်ကတော့ မိမိဘဝ တိုးတက်ရေး ကြိုးပန်းမှုမှာ အနှောက်အယှက်တွေ ဝင်လာစေနိုင်တာ အမှန်ပဲ။(အကောင်းအဆိုး ဒွန်တွဲနေတာ ဓမ္မတာပါ)
ဒီအဆင့်မှာပဲ ဆက်ပြီးတင်ရင်ကောင်းမလားမတင်ပဲနေ ကောင်းမလားလို့  စဉ်းစားမိတယ်။ စုစုပေါင်း ( ၅၈ ) ထိရှိတာဆိုတော့
သူငယ်ချင်းတို့ ကြာရင်ဖတ်ခြင်မှာမဟုပ်တော့လို့ ပါ။သူငယ်ချင်းအားလုံး စိတ်၏ချမ်းသာခြင် ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်ဝကြပါစေကြောင်း တောင်းဆုပြုခဲ့ပါတယ်။
Wednesday, June 9, 2010
ဘီလျံနာ ဒေါနယ်ထရမ့်
၁။ ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ 25% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။
၂။ ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှ ပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်က စွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကို ဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့ လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။
၃။ ဘိုင်ပွတ် ပွတ်တယ်ဆိုတာ အလေလွင့်များတာရဲ့ဆန့်ကျင်ဘက်ပဲ
၎။ လူအမှား(သို့) ကွန်ပျူတာ အမှားဆိုတာ အမြဲရှိတယ်။ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ဟိုတယ်ဖြစ်ဖြစ် ကုန်စုံဆိုင်ပဲဖြစ်ဖြစ် ပေးရမဲ့ငွေ တောင်းခံလွှာကို မျက်စိမှိတ်ပြီး မပေးချေသင့်ဘူး.။
၅။ ပစ္စည်းဝယ်တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်ကိစ္စအပေးအယူဖြစ်ဖြစ် တတ်နိုင်သမျှ ဈေးဆစ်ပါ။ အကုန်အကျသက်သာဖို့ ဈေးမဆစ်ရဲဘဲ ဟိတ်ဟန်တစ်ခွဲသားကြီးလုပ်နေတာဟာ သူငယ်နာမစင်တဲ့သဘောပဲ။
၆။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဂဏန်းသေးသေးကလေးကို ဂရုစိုက်ပါ.။ ရာခိုင်နှုန်းနဲ့တွက်ရင် ဒဿမမကအစ ဂရုစိုက်ပါ ။ ငွေဆိုရင် တစ်ကျပ် နှစ်ကျပ် က စတွက်ပါ။
မပြောပလောက်ဘူးထင်တဲ့ အဲ့ဒီအသေးအဖွဲ့လေးတွေစုလိုက်ရင် ဧရာမငွေပမာဏဖြစ်လာနိုင်ပါတယ်။
၇။ ကလေးတွေအတွက် ကျောင်းစရိတ်ကတော့ သူတို့မွေးတဲ့နေ့မှာ စလုပ်တာအကောင်းဆုံးပါပဲ. မမွေးခင်လုပ်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။ ပညာကောင်းကောင်းပေးမယ်ဆိုရ် ငွေနည်းနည်းနဲ့ မရပါဘူး။ သူတို့ရဲ့ ကျောင်းစရိတ်ကို အမြန်ဆုံးစပြီးစာရင်းဖွင့်ပါ။
၈ ။ အ၀တ်စားဝတ်တဲ့နေရာမှာ လက်ရှိရာထူးအတွက် မ၀တ်ပါနဲ့။ ကိုယ်လိုချင်တဲ့ရာထူးအတွက် ၀တ်ပါ။
၉။ ကျွန်တော်အချိန်ယူလေ့လာထားတဲ့ေ
(က) အချိန်မှီရောက်ပါစေ အချိန်မှန်ဖို့ သိပ်အရေးကြိးပါတယ်။ နောက်ကျတဲ့လူတွေကို သည်းမခံပါနဲ့။ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ လူတွေကိုလည်း သည်းမခံပါနဲ့။ ကိုယ်ကိုယ်တိုင်နောက်ကျရင်လည်း အလားတူသဘောထားပါ။
(ခ) ကလေးတွေကျောင်းကပေးလိုက်တဲ့အိမ်
(ဂ) လူတစ်ယောက်ချင်းအတွက် ခေါင်းထဲမှာ ကိုယ်ရေးဖိုင်တွဲတစ်ခုစီဖွင့်ထာ
(ဃ) လူတွေရဲ့နာမည်ကို မေ့တာဟာ အဆိုးဆုံးပဲ ဘယ်တော့မှ မမေ့ပါနဲ့.။သူတို့အကြောင်း အသေးစိတ်ကလေးကိုလည်းမမေ့ပါနဲ့။ စကားပြောရင် ဒါလေးတွေ လိုသလိုညှပ်ပြောပါ။ လူဆိုတာ သူတို့နာမည်ကို သူများခေါ်တာ ကြားချင်ကြပါတယ်။ သူတို့အကြောင်းပြောတာနားထောင်ချ
(င) ရိုးသားပါ။ လူတော်တော်များများဟာ လိမ်ပြောရင်ချက်ချင်းမုသာဝါဒ အနံ့ရတယ်။ ရိုးသားခြင်းကိုလူတိုင်း လေးစားတယ်။ သူတို့ကြားချင်တာနဲ့ ထပ်တုမညီတောင် ရိုးသားရင် လေးစားမှာ အသေချာပါပဲ။
` (စ) လူတွေစကားပြောပါစေ။ နားထောင်ပါ။ အလုပ်အကြောင်း ဆွေးနွေးတဲ့နေရာမှာ မြေထိုးစက် ဂေါ်ပြားချပြီး မောင်းသွင်းတာမျိုး ဘယ်တော့မှမလုပ်ပါနဲ့. နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ မလိုမချင်း အတွင်းအားတွေ ကို သိမ်းထားပါ။
၁၀။ ဘယ်သူတွေ ခင်ဗျားအပေါ်ဘယ်လောက်သစ္စာရှိသလဲ
၁၁။ လူတွေကို ဝေဖန်တာတော့ ရှောင်ရပါမယ်။ ချီးကျူးတာက ပိုကောင်းပါတယ်။ ရံခါမှာ ဝေဖန်တာထက် ဆိတ်ဆိတ်နေခြင်းက ပိုတန်ဖိုးရှိပါတယ်။
၁၂။ လက်ဆောင်ပေးရာမှာ လူတစ်ကာသုံးနေတဲ့ပစ္စည်းမျိုးကို အလွယ်တကူ ၀ယ်မပေးပါနဲ့။ ထူးထူးဆန်းဆန်းလေးတွေ စိတ်ကူးပြီးပေးရတဲ့လူနဲ့လိုက်
၁၃။ အောင်မြင်တဲ့လူဖြစ်ချင်ရင် အောင်မြင်တဲ့လူ စဉ်းစားသလို စဉ်းစားရပါလိမ့်မယ်. ကြိုးစားကြည့်ပါ။ အံသြစရာတွေ့ရပါလိမ့်မယ်။
၁။ ကြီးကြီးကျယ်ကျယ်စဉ်းစားပါ။
၂။ အမြင်ကြည်လင်အောင်လုပ်ပါ။
၃။ ရူးသွပ်ပါ။
၎။ စွဲလန်းပါ။
၅။ ဘယ်တော့မှ အလျော့မပေးပါနဲ့။
၆။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ
------------------------------
သံဝေဂ ကဗျာ
သေဖို့ ကလည်းတနေ့ ထက်တနေ့ နီးနီး
လာပြီဆိုတာမမေ့ကြပါနဲ့ ။
အလုပ်တွေနဲ့ ပဲ ဘ၀တစ်ခုလုံးကို
မကုန်လွန်ပါစေနဲ့ ။
ပညာရှိသူတော်ကောင်းတွေကို မှီဝဲ
ဆည်းကပ်ကြပါ။ သတိပဌာန်တရားတွေ၊
သစ္စာတရားတွေကိုလည်း နာကြားကြပါ။
သံသရာက လွတ်မယ့်ကျွတ်မယ့် ၀ိပဿနာ
တိမ်းမနေပဲ လုပ်ဖြစ်အောင် လုပ်ကြပါ။
သာသနာနဲ့ ကြုံရကျိုးလည်းနပ်မယ်
တကယ်ဘ၀မှာ ညီမလေးစိတ်ချမ်းသာသား နေချင်တယ်ဆိုရင် အစ်ကိုပို့တဲ့ ဒီစာလေးပြီးအောင်ဖတ်ပါ
(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။
(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။
(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။
(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။
(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။
(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။
(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။
(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလု
(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။
(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။
(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။
(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။
(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။ စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဥာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဥာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဥာဏ်ပညာရှိတယ်။
ဒီစာလေးက ဆရာတော်ဦးဇောတိက တရားတွေထဲကပါပဲ အားလုံးအတွက်ဝေမျှပေးတာပါ။
ဦးနှောက်ကိုထိခိုက်စေသော အချက်(၁၀)ချက်
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
၈) ဆေးလိပ်သောက်ခြင်း
ဒါကတော့ ကျွန်တော် ကိုယ်တိုင်လည်းသောက်တာပါ ပဲ (း ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။
သူငယ်ချင်းတစ်ယောက်ဘလော့မှ တဆင့်ဖော်ပြသည်။
ခရေဇီဖစ်
Tuesday, June 8, 2010
လူတော်လူကောင်း အဓိပ္ပါယ်
ဒါ့ကြောင့် လူတော်လူကောင်းဆိုတာ ဘယ်လိုအရာတွေနဲ့ ပြည့်စုံတဲ့လူတွေကို ခေါ်တာလဲဆိုတာလည်း မသိတဲ့လူတွေကလည်း သိချင်ကြမှာဖြစ်သလို သိတဲ့လူတွေလည်း ထပ်ပြီးပြည့်စုံသလောက်ရှိအောင် မိမိသိသလောက်လေးကို အထောက်အထားလေးတွေနဲ့ တင်ပြပေးလိုက်ပါတယ်။
ဒီစာတွေကို ရေးတာဟာ မိမိကိုယ်တိုင် သိလို့ရေးတာ မဟုတ်သလို ဆရာကြီးလုပ်ချင်လို့ ရေးတာလည်း မဟုတ်ဘူးဆိုတာတော့ စာဖတ်သူတို့ ယုံကြည်စေချင်ပါတယ်။ ဒီလူတော်လူကောင်းခေါင်းစဉ်ကို ရေးသားရာ၌ မှားယွင်းမပြည့်စုံများ တွေ့ရှိခဲ့လျှင် “ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာထောက်ကူ၊ ပြင်တော်မူရှင့်”ဟု အရှင်ပညာတိက္ခ ရေးသားထားသည့်အတိုင်း အပြစ်မမြင်အမှန်ပြင်၍ သူတော်ကောင်းစိတ်ဖြင့် ဖတ်ရှုစေလိုပါသည်။
ကမ္ဘာပေါ်ရှိ လူသားတိုင်းမှာ အလိုအပ်ဆုံးသော အရာသည် ဘာလဲဟု မေးလျှင် “လူတော်လူကောင်း”ဖြစ်ဖို့က အရေးကြီးဆုံးသည်ဟု ဖြေဆိုရသည်ရှိသော် လွဲမည်မထင်ပါ။ လောကရှိလူသားတို့သည် မိမိကသာ “လူတော်လူကောင်း”များနှင့် တွေ့ကြုံပေါင်းဖော်လိုကြတယ်။ မိမိကိုယ်ကိုတော့ “လူတော်လူကောင်း”တစ်ယောက်ဖြစ်လာစေရန်အတွက် “လူတော်လူကောင်း”၏ အရည်အသွေးများကို ဖြည့်ဆည်းရန်ကား မလုပ်ချင်ကြသလို မသိကြသည့်က များပါသည်။ ထို့ကြောင့် ရခဲ့လှသော လူ့ဘ၀လူ့အဖြစ်ကိုရနေခိုက်မှာ “လူတော်လူကောင်း”တို့၏ အရည်အသွေးများကို တတ်နိုင်သမျှ ဖြည့်ဆည်းကြရန် အရေးကြီးပါတယ်။
လူတော်လူကောင်းများသည် လောကီလောကုတ္တရာဥစ္စာများကို ရနိုင်သကဲ့သို့ မျက်မှောက်တမလွန်ဘ၀အတွက်လည်း အကျိုးရှိသော လုပ်ငန်းများကို လုပ်ဆောင်နိုင်သောကြောင့် လူသားတိုင်းအတွက် “လူတော်လူကောင်း”ဖြစ်ဖို့က အရေးကြီးပါပေတယ်။
မျက်မှောက်ခေတ်၌ “လူတော်”ဆိုသော ပုဂ္ဂိုလ်များသည် ကမ္ဘာပေါ်မှာ များစွာရှိပါသော်လည်း “လူကောင်း“ဆိုသောပုဂ္ဂိုလ်များမှာ အလွန်ရှားပါးနေသည်ကို လူတိုင်းတွေ့ရှိလိမ့်မယ် ထင်ပါတယ်။ လူတစ်ယောက်မှာ “လူတော်”နှင့်“လူကောင်း”တွင် “လူကောင်း”ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။
“လူတော်”ဆိုသောပုဂ္ဂိုလ်များသည် မျက်မှောက်ဘ၀မှာ အကျိုးရှိသောလုပ်ငန်းများကို လုပ်ဆောင်နိုင်သကဲ့သို့ အကျိုးမဲ့သောကိစ္စများကိုလည်း ဆောင်ရွက်တတ်ပါတယ်။ အကျိုးရှိသောကိစ္စများကို ပြုလုပ်တတ်ရန်ဖို့ရန်အတွက် “လူတော်”ဆိုသော ပညာတတ်ပုဂ္ဂိုလ်များမှာ “လူကောင်း”ဟူသော အကျင့်တရားဖြင့် အနားကွက်ထားရန် လိုအပ်လှပါတယ်။
လူ့လောက၌ ပေါင်းသင်းဆက်ဆံရေး၏ အဓိကရည်ရွယ်ချက်သည် ရုန်းကန်လှုပ်ရှားနေရသော လူ့ဘ၀ကို ပီပြင်အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ရန် ဖြစ်ပါတယ်။ ထိုသို့ တည်ဆောက်နိုင်ရန် မည်ကဲ့သို့သောလူကို ပေါင်းရမည်၊ မည်ကဲ့သို့သောလူကို ရှောင်ကြဉ်ရမည်ဟူသောအချက်သည် အဓိကကျလှပါပေတယ်။ “လူတော်လူကောင်း”နှင့် ပေါင်းသင်းမှသာလျှင် ဘ၀တိုးတတ်၍ အကျိုးရှိပါပေမယ်။ လူဆိုးလူမိုက်နှင့် ဆက်ဆံပေါင်းသင်းမိပါက “ဘ၀မိုးမှောင် ဆင်းရဲခေါင်း၍ နောင်ခါနောင်တွင်မက ”သံသရာအတွက်ပါ ဒုက္ခရောက်ပေလိမ့်မယ်။
လူဆိုးလူမိုက်နှင့်ပေါင်းသင်းမိလျှင် မျက်မှောက်တမလွန်ဘ၀တို့၌ အကျိုးမဲ့စေပြီး “လူတော်လူကောင်း”နှင့် ပေါင်းဖော်မှသာလျှင် ပစ္စုပ္ပန်,သံသရာတို့၌ အကျိုးရှိစေမှာ ဖြစ်တဲ့အတွက် “လူတော်လူကောင်း”ကို ရွေးချယ်ပေါင်းသင်းနိုင်ရန်နှင့် မိမိကိုယ်တိုင်လည်း လိုက်နာကျင့်သုံးနိုင်ရန် “လူတော်လူကောင်း”လက္ခဏာ,အရည်အချည်းများကို တက်နိုင်သမျှ စုစည်းတင်ပြပေးပါမည်။
ကမ္ဘာပေါ်တွင် လူဦးရေများစွာရှိသည်အနက် လူတော်မဟုတ် လူကောင်းမဟုတ်သောသူများသည် စားကာအိပ်ကာဖြင့် တန်ဖိုးရှိသော လူ့ဘ၀ကို အလဟဿဖြုန်းတီးပစ်ပြီး သေဆုံးသွားသည်က များပါသည်။ အသုံးမ၀င်သော သစ်ပင်များသော်မှ ပြိုးလဲပျက်စီးသွားပြီးနောက် မြေသြဇာအဖြစ် အသုံးဝင်ပါသေးသည်။ လူတော်မဟုတ် လူကောင်းလည်းမဟုတ်သော ပုဂ္ဂိုလ်များသည် အကျိုးရှိသော လုပ်ငန်းများကို မလုပ်သည့်အပြင် အကျိုးမဲ့သောကိစ္စများကိုသာ ပြုလုပ်တတ်သောကြောင့် လူဖြစ်ပြီး သစ်ပင်လောက်မျှ အသုံးမ၀င်သော လူပိုလူရှုပ်များသာ ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတိုင်း လူမျိုးတိုင်းမှာ “လူတော်လူကောင်း”ပုဂ္ဂိုလ်များ အလွန်လိုအပ်ပါသည်။ ထိုသို့လိုအပ်သောကြောင့် ”လူတော်လူကောင်း”၏ အရည်အချင်း၊ အချက်အလက်များကို တက်နိုင်သမျှ ရေးပေးချင်ပါသည်။
ယခု မိမိဖော်ပြလတ္တံ့သော “လူတော်လူကောင်း”၏ အချက်အလက်တို့ကို ကျင့်သုံးမည်ဆိုလျှင် မျက်မှောက် တမလွန်နှစ်ဖြာလုံး၌ မိမိရော သူများအတွက်ပါ အကျိုးရှိသော ပုဂ္ဂိုလ်များဖြစ်ကြပါစေဟူသော ရည်ရွယ်ချက်ဖြင့် တင်ပြပေးလိုက်ပါတယ်။
လူတော်လူကောင်းဟူသော ဝေါဟာရကို မြန်မာအဘိဓာန်အကျဉ်းချုပ်က အကျင့်စာရိတ္တနှင့် အရည်အချင်းနှစ်ရပ်လုံး ပြည့်စုံသောသူဟူ၍ ဖွင့်ဆိုထားပါတယ်။
မောင်အံ့ မဟာဝိဇ္ဇာ(ဘုံဘေ)၏ ဗုဒ္ဓ၏လူမှုရေးလမ်းညွှန်ချက်များ စာအုပ်တွင်မှု “လူတော်လူကောင်း”နှင့်ပတ်သတ်၍ “တော်နှင့်ကောင်း”ဆိုသော ၀ိသေသနဂုဏ်ပုဒ်နှစ်ခုရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းထားသည်မှာ “တော်”ဟူသော မြန်မာစကားသည် “တော်ခြင်း၊ တတ်ခြင်း၊ အသိဉာဏ်ပညာရှိခြင်း”ဟု အဓိပ္ပာယ်ရပါသည်။ “ကောင်း”ဟူသောစကား၏ အဓိပ္ပာယ်မှာ “ကောင်းမြတ်ခြင်း၊ အပြစ်ကင်းခြင်း၊ စင်ကြယ်ခြင်း၊ အကျင့်သီလနှင့်ပြည့်စုံခြင်းစသည်တို့”ဖြစ်ကြောင်း ဖွင့်ဆိုရေးသားထားပါသည်။
ထို့ကြောင့် ညဏ်ပညာရှိသူကို “လူတော်”ဟုခေါ်ပြီး အကျင့်သီလစင်ကြယ်သူ၊ အကျင့်စာရိတ္တနှင့်ပြည့်စုံသူကို “လူကောင်း”ဟု ခေါ်ဆိုရပါမည်။
လူတော်လူကောင်း လူကောင်းလူတော်ဟု ပြောဆိုနေကြသည်ကိုလည်း တွေ့မြင်ကြားသိ နေရသောကြောင့် ထိုနှစ်ခု၏ အမှားအမှန်ကိုလည်း ခွဲခြားသိဖို့ရန် စဉ်းစားရခက်နေသူတို့အတွက် ရှင်းလင်းချင်ပါသေးသည်။
တချို့က လူတော်မှလူကောင်းမည်ဟု စဉ်းစားတွေးခေါ်ကြံဆ၍ “လူတော်လူကောင်း”ဟု ပြောဆိုသကဲ့သို့ တချို့က လူကောင်းမှလူတော်ဖြစ်မည်ဟု စဉ်းစားတွေးခေါ်ကာ “လူကောင်းလူတော်“ဟု ပြောဆိုနေကြပါသည်။
လူတော်လူကောင်းနှင့်လူကောင်းလူတော် နှစ်ခု၏ အမှားအမှန်ကို အထောက်အထားများဖြင့် ရှင်းပြရမည်ဆိုလျှင် မြတ်စွာဘုရားကိုယ်တိုင်တော်တိုင် ပါဠိတော်၌ “၀ိဇ္ဇာစရဏ သမ္ပန္နော”ဟု ဟောကြားထားခဲ့သည်ကို ထောက်ဆလျှင် “လူတော်လူကောင်း”ဟု ပြောဆိုရေးသားခြင်းက ပိုမိုမှန်ကန်သင့်မြတ်လိမ့်မည်ဟု ထင်ပါသည်။
ဝိဇ္ဇာ-ဆိုသည်မှာ အတတ်ပညာဖြစ်၍ စရဏ-ဆိုသည်မှာ အကျင့်သီလဖြစ်ပြီး သမ္ပန္န-ဆိုသည်မှာ ပြည့်စုံခြင်းဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် အတတ်ပညာနှင့်ပြည့်စုံသူကို “လူတော်”ဟု ခေါ်၍ အကျင့်သီလနှင့်ပြည့်စုံသူကို “လူကောင်း”ဟု ခေါ်ဆိုသောကြောင့် “လူတော်လူကောင်း”ဟု အစဉ်အတိုင်း ထား၍ ပြောဆိုရေးသားခြင်းသည် ပိုမိုသင့်မြတ်ပါသည်။
အမှန်တကယ် စဉ်းစားကြည့်ပါကလည်း လူတစ်ယောက်သည် လူတော်ဟူသော အသိဉာဏ်ပညာ ဗဟုသုတ အရည်အချင်းများရှိမှသာလျှင် လူကောင်းတစ်ယောက်ဖြစ်ဖို့ရန် လိုက်နာကျင့်သုံး စောင့်ထိန်းရမည့် ကျင့်ဝတ်များကို သိရှိနိုင်ပါလိမ့်မည်။ ထို့သို့မဟုတ်ဘဲ လူတော်ဆိုသော အသိဉာဏ်မရှိပါက လူကောင်းတစ်ယောက် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို မသိနားမလည်သောကြောင့် လူတော်မဖြစ်၍ လူကောင်းတစ်ယောက်လည်း ဖြစ်လာတော့မည် မဟုတ်ပေ။
ဥပမာ-ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် မိမိစောင့်ထိန်း ကျင့်သုံးလိုက်နာရမည့် ငါးပါးသီလလောက်ကိုမှ မသိနားမလည် သဘောမပေါက် ဗဟုသုတမရှိပါက လူကောင်းတစ်ယောက် ဖြစ်မလာနိုင်တော့ပါ။ ထို့ကြောင့် လူတော်မှလူကောင်းလည်း ဖြစ်လာနိုင်မှာမို့ “လူတော်လူကောင်း”ဟု အစဉ်တကျ ပြောဆိုခြင်းသည် ကောင်းမြတ်မှန်ကန်သည်ဟု ထင်မိပါသည်။
သို့သော်လည်း လူတော်ဟူသော အသိဉာဏ်ရှိပြီး လူကောင်းတစ်ယောက်ဖြစ်အောင် လိုက်နာကျင့်သုံးခြင်း မရှိသူများလည်း ရှိပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် လူတော်ဖြစ်သော်လည်း လူကောင်းဖြစ်မလာရခြင်းမှာ မိမိ၏ကိုယ်နှုတ်စိတ်တို့ကို စောင့်ထိန်းမှုမရှိသောကြောင့်လည်းကောင်း၊ အသိဉာဏ်ပညာ အသုံးးချမှု လွဲသောကြောင့်လည်းကောင်း၊ မှားယွင်းသော အယူအဆရှိသောကြောင့်လည်းကောင်း လူကောင်းဖြစ်မလာရခြင်း ဖြစ်ပါလိမ့်မည်။ တကယ်တော့ အသုံးချတတ်မည်ဆိုလျှင် လူတော်ဟူသော ဉာဏ်ပညာနှင့် လူကောင်းဟူသော ကိုယ့်ကျင့်သီလတို့သည် အပြန်အလှန် ကျေးဇူးပြုနေသည်ကို တွေ့ရပါသည်။
မည်သို့မည်ပုံ အပြန်အလှန် ကျေးဇူးပြုကြသလဲဆိုတော့ အသိဉာဏ်ပညာကြောင့် အကျင့်သီလတို့ကို စောင့်ထိန်းရမှန်းသိသလို အကျင့်သီလကလည်း အကျင့်သီလကို စိတ်တည်ငြိမ်အောင် စောင့်ထိန်းရင် စောင့်ထိန်းသလောက် ဉာဏ်ပညာတိုးတတ်အောင် လုပ်ပေးပါသည်။
ပညာနှင့်သီလ အပြန်အလှန် တစ်ခုကိုတစ်ခု ကျေးဇူးပြုကြပုံကို မြတ်စွာဘုရားရှင်ကလည်း “သောဏဒဏ္ဍ”သုတ်တော်မှာ ဟောကြားထားသည်ကို တွေ့ရပါတယ်။
ထိုသုတ်တော်မှာ မြတ်စွာဘုရားရှင်က သောဏဒဏ္ဍအမည်ရှိသော ပုဏ္ဏားကြီးအား “ပုဏ္ဏားကြီး အဘယ်အင်္ဂါရပ်တို့နှင့်ပြည့်စုံသောသူကို ဗြဟ္မဏဟူ၍ ခေါ်ဆိုကြပါသနည်း ဟု မေးတော်မူသောအခါ ပုဏ္ဏားကြီးက....................
၁။ မိဘက်ဖဘက်မှ ဆွေမျိုးခုနှစ်ဆက်တိုင်အောင် အမျိုးဇာတ်သန့်ရှင်းစင်ကြယ်ရမည်။ အမျိုးဇာတ်နှင့်ပတ်သတ်၍ ကဲ့ရဲ့ခံရခြင်း မရှိရ။
` ၂။ ဗေဒင်သုံးပုံကို နှုတ်ငုံဆောင်နိုင်ရမည်။ ဗေဒင်သုံးပုံမှကြွင်းသော ဝေယျာကရုဏ်းကို သင်တတ်ရမည်။ လောကာယတကျမ်းဖြစ်သော ဘုရားရှင်တို့၏လက္ခဏာကို ပြတတ်သောကျမ်းတို့၌လည်း အကြွင်းမဲ့တတ်မြောက်ရမည်။
၃။ အဆင်းအလွန်လှပပြီး ရှု့ချင်ဖွယ် ကြည်ညိုဖွယ်ရှိရမည်။ ခန္ဓာကိုယ်ပြေပြစ်လှပရမည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိရမည်။
၎။ အကျင့်သီလနှင့်ပြည့်စုံပြီး ကောင်းသောစကားကိုသာ ဆိုတတ်ရမည်။
၅။ ပစ္စုပ္ပန် သံသရာနှစ်ဖြာကိုသိသော ပညာနှင့်ပြည့်စုံရမည်။ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော ပညာနှင့်လည်း ပြည့်စုံရမည်။
`ဤအင်္ဂါငါးချက်နှင့်ပြည့်စုံသောသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏဟူ၍ သတ်မှတ်ပါသည် ဟု လျှောက်ထားလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်က “ထိုအင်္ဂါငါးပါးတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသောသူကို ဗြာဟ္မဏဟူ၍ ခေါ်ဆိုနိုင်ပါသလား”ဟု မေးသောအခါ..........
ပုဏ္ဏားကြီးက-“အရှင်ဘုရား.......အဆင်းလှပခြင်းကိုပယ်၍ လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသောသူကို ဗြာဟ္မဏဟု ခေါ်ဆိုခြင်းငှာ ထိုက်ပါသေး၏။ အဆင်းလှပခြင်းဖြင့် အကျိုးမရှိသောကြောင့် အဆင်းမလှလျှင်လည်း ဗြာဟ္မဏဟု ခေါ်ဆိုခြင်းငှါ ထိုက်ပါ၏”ဟု လျှောက်ထားလေ၏။
တဖန် ဘုရားရှင်က-“အင်္ဂါလေးပါးတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ သုံးပါးသောအင်္ဂါတို့နှင့်ပြည့်စုံလျှင် ဗြာဟ္မဏဟု ခေါ်ဆိုနိုင်ပါသလော”ဟု ထပ် ၍မေးသောအခါ............
“အရှင်ဘုရား-ဗေဒင်သုံးပုံ မန္တာန်တို့ကိုပယ်၍ သုံးပါးသောအင်္ဂါတို့နှင့် ပြည့်စုံလျှင်လည်း ဗြာဟ္မဏဟု ခေါ်ဆိုနိုင်ပါသည်။ ဗေဒင်မန္တာန်တို့ မရှိလျှင်လည်း အကျိုးမယုတ်နိုင်သောကြောင့် ပယ်၍ရပါသောကြောင်း” လျှောက်ထားလေသည်။
တစ်ခါ ဘုရားရှင်က-“ထိုအင်္ဂါသုံးပါးတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ နှစ်ပါးသောအင်္ဂါတို့နှင့်ပြည့်စုံသောသူကို ဗြာဟ္မဏဟူ၍ သတ်မှတ်နိုင်ပါသေးသလော”ဟု မေးလေရာ
ပုဏ္ဏားကြီးက-အရှင်ဘုရား......အမျိုးဇာတ်သန့်ရှင်းခြင်းကိုပယ်၍ ကျန်နှစ်ပါးနှင့်ပြည့်စုံလျှင် ဗြာဟ္မဏဟု ခေါ်ဆိုနိုင်ပါသေးသည်။ ဇာတ်မျိုးနွယ်သန့်ရှင်းခြင်းဖြင့်လည်း အကျိုးမရှိပါ။ ဇာတ်မျိုးနွယ်သည် အဓိကမကျသေးသောကြောင့် ပယ်၍ရပါကြောင်း လျှောက်ထားလေ၏။
ထိုကဲ့သို့ သောဏဒဏ္ဍပုဏ္ဏားကြီးက ဗြာဟ္မဏဟု သတ်မှတ်နိုင်သော အင်္ဂါငါးပါးတို့တွင် တစ်ပါးချင်းလျော့ချ၍ ဖြေဆိုသွားသောအခါ ပုဏ္ဏားကြီး၏ တပည့်များက ”ငါတို့ဆရာကြီးသည် ဤသို့တစ်ပါးချင်းလျော့ချ၍ ပြောဆိုခြင်းငှါ မသင့်။ ဆရာကြီးသည် မြတ်စွာဘုရား၏ အယူဝါဒနောက်သို့ လိုက်ပြီးဖြေဆိုနေသည်”ဟု ကဲ့ရဲ့စကား ပြောကြလေ၏။
ထိုအခါ ပုဏ္ဏားကြီးသည် ပရိသတ်အလယ်၌ထိုင်နေသော သူ၏တူဖြစ်သော အင်္ဂကလုလင်ကို ညွှန်ပြပြီးလျှင် ”အင်္ဂကလုလင်သည် အဆင်းလှ၏၊ ဗေဒင်မန္တာန်တို့ကို တတ်၏၊ အမျိုးဇာတ်သန့်ရှင်း၏၊ သို့သော် သူသည် သူတစ်ပါးအသက်ကို သတ်မည်၊ သူတစ်ပါးမပေးသော ဥစ္စာကိုခိုးယူမည်၊ သူတစ်ပါးသားမယားကို ဖျက်ဆီးမည်၊ မုသားစကား ပြောဆိုမည်၊ သေရည်အရက် သောက်မည်ဆိုလျှင် အဆင်းလှခြင်း၊ ဗေဒင်မန္တာန်တတ်ခြင်း၊ အမျိုးဇာတ်သန့်ရှင်းခြင်းတို့သည် အဘယ်မှာ အကျိုးရှိတော့လိမ့်မည်နည်း။
ထို့ကြောင့် အကျင့်သီလနှင့်ပညာနှစ်ပါးသာလျှင် အဓိကကျ၍ ထိုနှစ်ပါးနှင့်ပြည့်စုံသောသူကို ပုဏ္ဏားတို့သည် ဗြာဟ္မဏဟူ၍ သတ်မှတ်ကြကုန်၏”ဟု ရှင်းပြလေသည်။
` မြတ်စွာဘုရားရှင်သည် ထိုကဲ့သို့ သောဏဒဏ္ဍပုဏ္ဏားကြီးက သူ၏တပည့်များကို ရှင်းပြပြီးသောအခါ ”ပုဏ္ဏားကြီး.......ထိုနှစ်ပါးသောအင်္ဂါတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ ကျန်တစ်ပါးသောအင်္ဂါနှင့် ပြည့်စုံသောသူကို ဗြာဟ္မဏဟူ၍ ခေါ်ဆိုနိုင်ပါသေးသလော”ဟု ထပ်၍မေးပြန်ရာ........................
` ပုဏ္ဏားကြီးက-“အရှင်ဘုရား......ထိုနှစ်ပါးသောအင်္ဂါတို့တွင် တစ်ပါးသောအင်္ဂါကိုမျှပယ်ခြင်းငှါ မဖြစ်နိုင်တော့ပါဘုရား။ ပညာသည်သီလကြောင့် တိုးတတ်လာရသကဲ့သို့ ပညာကြောင့်လည်း သီလဖြူစင်ရပါသည်။ လူတစ်ဦးမှာ ပညာရှိရင် သီလရှိနိုင်သကဲ့သို့ သီလရှိရင်လည်း ပညာရှိနိုင်ပါသည်။ ပညာနှင့်သီလကိုသာလျှင် လောက၌ အမြတ်ဆုံးဟု သတ်မှတ်ကြပါကုန်၏” လျှောက်ထားလေ၏။
ပညာနှင့်သီလတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ကျေးဇူးပြုနေကြပါသည်။ ဥပမာအားဖြင့် တင်ပြရသော်.....လက်တစ်ဖက်ဖြင့် ကျန်လက်တစ်ဖက်ကို ဆေးရသကဲ့သို့ ခြေတစ်ဖက်ဖြင့်လည်း ကျန်ခြေတစ်ဖက်ကို ဆေးရပါသည်။ ဤနည်းအတူပင် ပညာရှိမှသာ ကိုယ့်ကျင့်တရားသီလတို့သည် ကောင်းသောအရာ ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိသောအရာဟုသိပြီး သီလစောင့်ထိန်း လိုက်နာနိုင်သလို သီလရှိသောပုဂ္ဂိုလ်သည်လည်း သီလကို စောင့်ထိန်းရင် စောင့်ထိန်းသလို ပညာကို တိုးတတ်စေနိုင်ပါသည်။ စာကျက်နေသောပုဂ္ဂိုလ်သည် စာကျက်ရာ၌ စိတ်တည်ငြိမ်မှသာ ကိုယ့်ကျက်မှတ်နေသောစာကို အလွယ်တကူ ရပါသည်။ မိမိစိတ်သည် မတည်ငြိမ်ပါက တရားမှတ်ပြီး စာကျက်ပါက လျင်မြန်စွာ မှတ်မိပါသည်။
သီလနှင့်ပညာ အပြန်အလှန် အကျိုးပြုပုံကို သိသာထင်ရှားစေရန် သာဓကများဖြင့် တင်ပြလိုပါသည်။
ပုထုဇဉ်ပုဂ္ဂိုလ်တစ်ယောက်သည် သီလကို အနှစ်ခြောက်ဆယ်ကာလပတ်လုံး မကျိုးမပြတ်အောင် စောင့်ထိန်း၍နေခဲ့၏။ ထိုသီလစောင့်ထိန်းခဲ့သောပုဂ္ဂိုလ်သည် သေခါနီးအခါ၌ အလုံးစုံသောကိလေသာတို့ကို ပတ်သတ်၍ သီလဖြင့်ပညာကို ဆေးကြောပြီးလျှင် အရဟတ္တဖိုလ် နောက်ဆုံးပန်းတိုင်ကိုရောက်အောင် အားထုတ်နိုင်ခဲ့ပါသည်။
` ထိုကဲ့သို့ အားထုတ်နိုင်ခဲ့ကြောင်းကို သာဓကအနေခြင့် တင်ပြရသော်.......
ကန္ဒရသာလပရိဝုဏ်၌ သီတင်းသုံးနေသော ၀ါတော်ခြောက်ဆယ်ရသော မထေရ်ကြီးတစ်ပါးသည် တစ်နေ့သောအခါ ရောဂါဝေဒနာပြင်းထန်စွာခံစားရ၍ ကုတင်ပေါ်၌ လဲလျောင်းပြီး ဝေဒနာ၏ဒဏ်ကို သည်းမခံနိုင်အောင် ခံစားနေရသောအခါ မိမိစောင့်ထိန်းခဲ့သော သီလတို့ကို အခြေခံပြီး ဝေဒနာခံစားနေရသော ခန္ဓာကိုယ်ကြီးကို အနိစ္စ-မမြဲတဲ့ခန္ဓာကိုယ်ကြီးပါလား၊ ဒုက္ခ-ဒီခန္ဓာကိုယ်ကြီးဟာ ဆင်းရဲမှုတွေနဲ့ ပြည့်နေပါလား၊ အနတ္တ-ငါ့ခန္ဓာကိုယ်ဟု ထင်နေသော်လည်း ခုတော့ အစိုးမရလို့ စွန်ခွာရတော့မှာပါလားဟု သုံးသပ်သော ၀ိပဿနာပညာတရားဖြင့် ဆင်ခြင်လိုက်သောအခါ လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာတို့ကို ပယ်ခွာနိုင်သောကြောင့် ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်သွားလေသည်။
ထိုမထေရ်ကြီးသည် မိမိစောင့်ထိန်းခဲ့သော သီလတို့ကို အောက်မေ့ပြီး ၀ိပဿနာပညာကို အားထုတ်ခဲ့သောကြောင့် လျင်မြန်စွာ တရားထူးရခဲ့ခြင်း ဖြစ်ပါသည်။ သီလက ပညာကို တိုးပွားအောင် လုပ်ပေးခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ သီလဖြင့် ပညာကို ရရှိအောင်ပြုလုပ်နိုင်သကဲ့သို့ ပညာဖြင့်လည်း သီလတရားတို့ကို ရရှိအောင် အားထုတ်နိုင်ပါသည်။ ပညာဉာဏ်ကြီးမားသော ပုဂ္ဂိုလ်သည် သီလစောင့်ထိန်းခြင်း မရှိခဲ့ပါသော်လည်း လေးပါဒမျှသာရှိသော ဂါထာ၏အဆုံး၌ ပညာဖြင့်သီလကို ဆေးကြောနိုင်သောကြောင့် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်အောင် အားထုတ်နိုင်ခဲ့ပါသည်။
ထိုကဲ့သို့ အားထုတ်နိုင်ခဲ့ကြောင်းကို သာဓကအနေဖြင့် တင်ပြရမည်ဆိုလျှင်......မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက သန္တတိအမည်ရှိသော အမတ်ကြီးတစ်ယောက်သည် ပုန်ကန်သောင်းကျန်နေသော ပစ္စန္တရစ်ရွာကို ငြိမ်းအေးအောင် လုပ်ပေးနိုင်သောကြောင့် ကောသလဘုရင်က သူ့ကို ချီးမြှောက်သည့်အနေဖြင့် (၇)ရက်ပတ်လုံး စည်းစိမ်ချမ်းသာနှင့်တကွ ကချေသည်မ တစ်ဦးကိုပါ ပေးခဲ့၏။
အမတ်ကြီးသည် (၇)ရက်ပတ်လုံး သေရည်သောက်ကာ မူးယစ်နေ၏။
ကချေသည်မကလည်း သီဆိုကပြဖို့ရန်အတွက် ခန္ဓာကိုယ်ပြေပြစ်လှပစေရန် (၇)ရက်ပတ်လုံး အစာအနည်းငယ်သာစားပြီး သီဆိုကပြလေသည်။ ထိုသို့ ကပြဖျော်ဖြေနေစဉ် ကချေမ၏ ၀မ်းတွင်း၌ လေသင်ဓုန်းများထ၍ နှလုံးသားကို ခွဲဖြတ်လိုက်သဖြင့် ထိုခဏ၌ပင် ပါးစပ်ဟလျက် မျက်စိပွင့်ရက်ဖြင့် သေသွားလေ၏။ အမတ်ကြီးသည် ကချေသည်မ ရုတ်တရက်သေသွားသည်ကို မြင်ရသောအခါ စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်သွားလေသည်။
ထိုအခါ အမတ်ကြီးသည် သူ၏ စိုးရိမ်ထိတ်လန့်ခြင်းများ ပြေပျောက်အောင် လုပ်ပေးနိုင်မည့် မြတ်စွာဘုရားထံသို့ သွားလေသည်။ မြတ်စွာဘုရားရှင်က အမတ်ကြီး မစိုးရိမ်ပါနဲ့၊ မထိတ်လန့်ပါနဲ့၊ မကြောက်ရွံ့ပါနဲ့၊ သင်သည် လွန်လေပြီးသောဘ၀တို့၌လည်း ဤကချေသည်မအတွက်ဖြင့် ငိုခဲ့ရသော သင်၏မျက်ရည်တို့သည် သမုဒ္ဒရာလေးစင်းတို့၏ရေထက် သာ၍များပေသည်ဟု မိန့်တော်မူပြီးလျှင် လေးပါဒမျှသာရှိသော ဂါထာတစ်ခုကို ဟောကြားလေ၏။
အမတ်ကြီးသည် ထိုဂါထာကို နားကြားရသည်ရှိသော် ဉာဏ်ပညာကြီးမားသောကြောင့် စောင့်ထိန်းရမည့် သီလတို့ကို လျင်မြန်စွာသိပြီး သီလစောင့်ထိန်းလေသည်။ သီလစောင့်ထိန်းပြီးနောက် ၀ိပဿနာတရားများကို လျင်မြန်သောဉာဏ်ပညာဖြင့် ရှုမှတ်ပွားများသောအခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ကိလေသာကုန်ခမ်းကာ ရဟန္တာဖြစ်သွားလေသည်။
အထက်ပါ သာဓကတို့သည် “သီလနှင့်ပညာကို အပြန်အလှန် တိုးတတ်အောင် ပြုလုပ်သော သာဓကများ ဖြစ်ပါသည်။ ထို့ကဲ့သို့ သီလနှင့်ပညာသည် လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သောကြောင့် သောဏဒဏ္ဍပုဏ္ဏားကြီးသည် သီလနှင့်ပညာတည်းဟူသော အင်္ဂါနှစ်ပါးတို့တွင် တစ်ပါးသောအင်္ဂါကိုမျှ ပယ်ခြင်းငှါ မဖြစ်နိုင်တော့ပါကြောင်း မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် “လူတော်လူကောင်း”ဖြစ်ရန် သီလနှင့်ပညာသည် အဓိကပြည့်စုံရမည့် အချက်အလက်များ ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် “လူတော်လူကောင်း”များဖြစ်ဖို့ရန်အတွက် သီလနှင့်ပညာကို ပြည့်စုံအောင် ကြိုးစားကြဖို့ လိုပါသည်။
ထိုကဲ့သို့ “လူတော်လူကောင်း”များဖြစ်မှသာလျှင် မျက်မှောက် တမလွန် နှစ်ဖြာလုံး၌ သူတစ်ပါး အတွက် အကျိုးရှိသောပုဂ္ဂိုလ်များဖြစ်သကဲ့သို့ မိမိအတွက်လည်း ကောင်းကျိုးချမ်းသာမှန်သမျှတို့ကို ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် ခံစားရပါလိမ့်မည်။
ထပ်မှန်၍ “လူတော်လူကောင်း” လက္ခဏာ အရည်အချင်းတို့ကို အကျယ်တ၀င့် ရေးသားတင်ပြလိုပါသဖြင့် မိမိသိသလောက် မိမိဉာဏ်မှီသလောက် ရေးသားဖော်ပြလိုက်ပါသည်။
ကမ္ဘာပေါ်တွင် လူသားအာလုံးတို့သည် သူ့ခေတ်နှင့်သူ့အခါအလိုက် “လူတော်”ဟု သတ်မှတ်ချက်တို့ များစွာရှိခဲ့ပါသည်။ ထိုသတ်မှတ်ချက်တို့သည် သတ်မှတ်ပေးသော ပုဂ္ဂိုလ်အလိုက် ကွဲပြားခြားနား၍ ပြောဆိုရေးသားကြပါသည်။
ဥပမာ........လူတစ်ယောက်သည် တစ်စုံတစ်ခုသော အတတ်ပညာ အလုပ်ကိစ္စတတ်ကျွမ်းသောသူကိုမြင်လျှင် ထိုလူကို “လူတော်”ပဲဟု သတ်မှတ်ကြပါသည်။
လူသားတို့တွင် အတန်းပညာ၊ အားကစားပညာ၊ စက်မှုလက်မှုပညာစသည်ဖြင့် အတတ်ပညာတို့ ကမ္ဘာပေါ်မှာ များစွာရှိပါသည်။ ထိုအလုပ်ကိစ္စများ၌ အများတကာထက် ထူးချွန်သောသူကို “လူတော်”ဟု အများစုက သတ်မှတ်ခေါ်ဝေါ်ကြပါသည်။
လူသားတို့သည် တစ်ဦးနှင့်တစ်ဦး တတ်ကျွမ်းနားလည်သော အတတ်ပညာ အလုပ်ကိစ္စချင်း မတူညီသောကြောင့် သူ့အတတ်ပညာ သူ့အလုပ်ကိစ္စမှာဖြင့် “လူတော်လူတတ်ကြီး”ဖြစ်နေကြပေသည်။ လယ်သမားသည် လယ်ယာနှင့်ပတ်သတ်သော အလုပ်ကိစ္စမှာ “လူတော်”ဖြစ်ပါသည်။ အားကစားသမားသည် ကစားသောနေရာမှာ “လူတော်”ဖြစ်ပါသည်။ စာပေသင်ကြားနေသော ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူများသည် စာပေနှင့်ပတ်သောကိစ္စမှာ “လူတော်”များ ဖြစ်ကြပါသည်။ အနုပညာရှင်များသည် အနုပညာနှင့်ပတ်သတ်သောကိစ္စမှာ “လူတော်”များ ဖြစ်ပါသည်။
သို့ရာတွင် အလုပ်ကိစ္စချင်း အတူလုပ်နေရသောသူတို့တွင် အသာဆုံး အမြတ်ဆုံး ကျွမ်းကျင်နာလည်ဆုံးသော သူကို အများတကာထက်တော်သောကြောင့် “လူတော်”ဟု အများအားဖြင့် သတ်မှတ်ခေါ်ဝေါ် ပြောဆိုကြပါသည်။
ဥပမာ..........စာသင်ကျောင်းတွင် စာသင်သောကျောင်းသားများထဲမှ အတတ်ဆုံး အတော်ဆုံးပုဂ္ဂိုလ်ကို “လူတော်”ဟု ခေါ်ဝေါ်ပြောဆိုခြင်းမျိုးဖြစ်ပါသည်။
ထိုကဲ့သို့ သတ်မှတ်ချက်ရှိသောကြောင့် ကျွန်ုပ်တို့ လူသားတို့သည် မိမိနှင့်တန်တူဖြစ်သောသူတို့ထက် သာလွန်အောင် လုပ်ဆောင်ပြနိုင်မှသာလျှင် “လူတော်”ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ မိမိသည် မိမိလုပ်နေသော အလုပ်ကို သူတစ်ပါးတို့ထက် သာလွန်ထက်မြတ် တတ်ကျွမ်းနားလည်သော “လူတော်”တစ်ယောက်ဖြစ်အောင် ကြိုးစားကြရန် လိုပါသည်။
လူတော်ဆိုသည်မှာ အတတ်ပညာ အရည်အချင်းနှင့်ပြည့်စုံသောသူကို ဆိုလိုပါသည်။ လောကရှိလူသားတို့သည် လောကီ လောကုတ္တရာနှင့်ဆိုင်သော ဘွဲ့တစ်မျိုးမျိုးရသောသူကိုဖြစ်စေ၊ အခြားသောအတတ်ပညာတစ်မျိုးမျိုး တတ်ကျွမ်းနားလည်သောသူကိုဖြစ်စေ “လူတော်”ဟု သတ်မှတ်ပြောဆိုကြပါသည်။
အမှန်မှာ မည်သည့်ပညာရပ် အတတ်ပညာကိုမဆို အမှန်စင်စစ် တတ်သိနားလည်ကျွမ်းကျင်သော ပုဂ္ဂိုလ်ကိုသာလျှင် “လူတော်”ဟု သတ်မှတ်ခေါ်ဝေါ်သင့်ပါသည်။ ဘွဲ့ဒီဂရီများရ၍ ပညာတတ်လူတော်များ ရှိသကဲ့သို့ ဘွဲ့ဒီဂရီမရရှိသော ပညာတတ်လူတော်များလည်း ရှိပါသည်။ ထို့ပြင် အတတ်ပညာကိုသာသင်ပေး၍ ဘွဲ့ဒီဂရီများ မပေးသောအတတ်ပညာများလည်း ရှိပါသေးသည်။ သို့ဖြစ်၍ ဘွဲ့ဒီဂရီကို ပဓာနထား၍ “လူတော်” ဟုတ် မဟုတ် ဆုံးဖြတ်၍မရပါ။ အတတ်ပညာ တတ်ကျွမ်းနားလည်မှုအပေါ်မှာကြည့်ပြီး “လူတော်”ဟုတ် မဟုတ်ဆုံးဖြတ်ခြင်းက ပိုမိုသင့်မြတ်မှန်ကန်ပါလိမ့်မည်။ လူသားတို့ဆိုင်ရာ တတ်ကျွမ်းနားလည်သော ပညာရပ်များသည် အမျိုးမျိုးရှိပါသည်။
ဥပမာ....လူတစ်ယောက်သည် စာအုပ်စာပေဖတ်ရှုလေ့လာ၍ တတ်ကျွမ်းနားလည်သော အတတ်ပညာ ဆရာများထံမှသင်ယူ၍ ရရှိသောအတတ်ပညာ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးခေါ်ကြံဆ၍ရသော အတတ်ပညာ သူတစ်ပါးထံမှမြင်ကြား၍ ရရှိသောအတတ်ပညာ စသည်ဖြင့်များစွာရှိပါသည်။
ထိုပညာရပ်တို့တွင် ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးခေါ်ကြံဆ၍ရသော အတတ်ပညာမှတစ်ပါး ကျန်သောအတတ်ပညာများကို အဘိဓမ္မာအလိုအရ သုတမယဉာဏ်ဟု ခေါ်ပါသည်။ သုတမယဉာဏ် ဆိုသည်မှာ မွေးဖွားလာပြီးမှ တတ်မြောက်သောပညာများကို ဆိုလိုပါသည်။ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစား၍ရသောပညာကိုမှု အဘိဓမ္မာက ပညာဟု ခေါ်ပါသည်။
များသောအားဖြင့် လူသားတို့သည် ၀ိဇ္ဇာပညာ သိပ္ပံပညာများဖြစ်သော သုတမယဉာဏ်ပညာ ကို “ပညာ”ဟု ခေါ်ဆိုသုံးနှုန်းကြပါသည်။ အမှန်စင်စစ်မှာ မိမိကိုယ်တိုင် ထိုးထွင်းသိမြင်သော ပညာသည်သာလျှင် ပညာအစစ်အမှန်ဖြစ်ပါသည်။
အကြောင်းမှာ ထိုပညာသည် ပဋိသန္ဓေနှင့်အတူပါလာသော ပညာဖြစ်သောကြောင့် အဆင့်အတန်းမြင့်သော ပညာဖြစ်သကဲ့သို့ အရာရာကို ဆင်ခြင်လုပ်ဆောင်တတ်သော ပညာလည်းဖြစ်ပါသည်။ ထိုပညာရှိမည်ဆိုလျှင် လောကီလောကုတ္တရာပညာများကို အလွယ်တကူဖြင့် တတ်မြောက်နိုင်သကဲ့သို့ တရားအားထုတ်ရာ၌လည်း တရားထူးရရှိနိုင်ပါသည်။
သုတမယဉာဏ်ပညာသည် မွေးဖွားလာပြီးမှ သင်ယူတတ်မြောက်လာသော ပညာဖြစ်သောကြောင့် သင်ယူမည်ဆိုလျှင် လူသားတိုင်းရနိုင်သော ပညာဖြစ်ပါသည်။ ထိုပညာရပ်နှစ်မျိုးကိုကြည့်ပြီး လောက၌ ဉာဏ်ရှိသည်နှင့်ပညာရှိသည်ဟု နှစ်မျိုးနှစ်စား ခွဲခြားပြီး ခေါ်ဝေါ်ပြောဆိုသုံးနှုန်းနေကြခြင်း ဖြစ်ပါသည်။
ဉာဏ်ရှိသည်ဆိုသည်မှာ ပဋိသန္ဓေပါပညာဖြစ်သော ထိုးထွင်းသိမှုကို ခေါ်ပါသည်။ ဥပမာ...လူတစ်ယောက်သည် တစ်စုံတစ်ခုကို မိမိဘာသာထိုးထွင်းသိပြီး လုပ်တတ်သည်ကိုမြင်လျှင် ထိုသူကို “ဉာဏ်ရှိသူ”ဟူ၍ လောက၌ ပြောဆိုကြပါသည်။ ပညာရှိသည်ဆိုသည်မှာ သင်ယူ၍ရသောပညာဖြစ်ပါသည်။
ဥပမာ.....လူပုဂ္ဂိုလ်တစ်ဦးမှာ ဘွဲ့ဒီဂရီစသော အတတ်ပညာသင်၍ရရှိသော ပညာတစ်ခုခုကိုမြင်လျှင် ထိုသူကို “ပညာရှိသူ”ဟူ၍ လောက၌ ပြောဆိုနေကြပါသည်။ အမှန်စင်စစ် “လူတော်”ဆိုသည်မှာ ပညာရပ်တစ်မျိုးမျိုးကို ကိုယ်တိုင်အမှန်တကယ် တတ်ကျွမ်းနားလည်သောသူသည်သာလျှင် “လူတော်”အစစ်အမှန် ဖြစ်ပါသည်။
လူသားတို့တွင် စာအုပ်စာပေဖတ်၍ “လူတော်”ဖြစ်သွားသောသူများလည်း ရှိပါသည်။ စာအုပ်စာပေကို ဖတ်ရှု့လေ့လာရာ၌ မိမိနှစ်သက်သောစာ မိမိအတွက်ပညာရ၍ အကျိုးရှိသောစာဟု နှစ်မျိုးနှစ်စား ရှိပါသည်။ ထိုနှစ်မျိုးထဲတွင် မိမိအတွက်အကျိုးရှိပြီး ပညာရစေသောစာများကိုသာ ပဓာနထား၍ ရွေးချယ်ဖတ်ရှု့ သင့်ပါသည်။ သို့မှသာလျှင် မိမိသည် ထိုစာထဲမှ အတတ်ပညာများရရှိပြီး “လူတော်”တစ်ယောက် ဖြစ်လာပါလိမ့်မည်။
စာထဲတွင် အမျိုးမျိုးအဖုံဖုံ ပါရှိပေသည်။ ထိုအမျိုးအမျိုးပါရှိသောစာထဲမှ မိမိအတွက် အသုံးဝင်မည့်စာများကို မှတ်သားထားရပါမည်။ စာကိုဖတ်ရုံသာဖတ်ပြီး အသုံးမချတတ်လျှင်ဖြစ်စေ၊ အလွဲကိုအသုံးချလျှင်ဖြစ်စေ အကျိုးရှိလိမ့်မည် မဟုတ်ပေ။ လောကတွင် “မပြုကောင်းသည်သာရှိ၍ မတတ်ကောင်းသည် မရှိပေ။ မတုပကောင်းသည်သာရှိ၍ မမြင်ကောင်းသည် မရှိပေ။ မလိုက်စားကောင်းသည်သာရှိ၍ မသိကောင်းသည်ဟူ၍ မရှိပါ”။
ထို့ကြောင့် စာကိုပညာရအောင် ဖတ်ရပါမည်။ စာဖတ်၍ရသောပညာတိုင်းကို ပြုလုပ်သင့် မပြုလုပ်သင့် သည်ကိုတော့ ရွေးချယ်တတ်ဖို့ရန် လိုပေသည်။ ဥပမာ....ခါးပိုက်နှိုက်ယူပုံကို ဖတ်ပြီးရသောပညာဖြင့် ကိုယ်တိုင်ထွက်၍ ခါးပိုက်နှိုက်ရန် မလိုပေ။ မိမိအတွက် ကာကွယ်ရန်ရရှိသော ပညာတစ်မျိုးဖြစ်အောင် လေ့လာရပေမည်။
စာကိုဖတ်ရှု့ခြင်းကြောင့် မိမိကိုယ်တိုင် မသိသေးသော မကြုံဖူးသေးသော အတတ်ပညာအကြောင်း အချက်များကို လူပေါင်းများစွာက ရေးသားထားခြင်းကြောင့် ထိုသူတို့၏ အသိပညာနှင့်အတတ်ပညာများကို မိမိအတွက် အကျိုးရှိအောင် လေ့လာမှတ်သားရပေမည်။ နှစ်ပေါင်းများစွာ လူပေါင်းများစွာတို့က ရေးသားခဲ့သော စာပေသိုက်ထဲတွင် အသုံးဝင်သော ရတနာများစွာရှိပေသည်။ တစ်ယောက်အားနှင့်ယူ၍ မရနိုင်သည့် အဆင့်ဆင့်သော ပညာရပ်များရှိပါသည်။ ထိုပညာရပ်များထဲမှ မိမိအတွက် အသုံးဝင်မည့်ပညာရပ်ကို သေချာကျနစွာ လေ့လာမည်ဆိုလျှင် “လူတော်”တစ်ယောက် ဖြစ်လာနိုင်ပါသည်။
စာဖတ်သူနှင့်စာမဖတ်သူတို့၏ ဗဟုသုတပညာ အတတ်ပညာချင်း မတူပါ။ စာဖတ်သူသည် စကားပြောရာတွင်လည်းကောင်း၊ ကြံစည်တွေးခေါ်ရာတွင်လည်းကောင်း စာမဖတ်သူထက် သာလွန်ပါသည်။ ထို့ကြောင့် စာအုပ်စာပေများကို လူသားတို့၏ “ဆရာတစ်ဆူ”ဖြစ်သည်ဟု ခေါ်ဝေါ်ပြောဆိုကြပါသည်။
လောကရှိ လူသားတို့တွင် စာအုပ်စာပေများကို ဖတ်ရှု့လေ့လာ၍ရသောပညာဖြင့် “လူတော်”ဖြစ်သွားသော ပုဂ္ဂိုလ်တို့ များစွာရှိပါသည်။ ထိုကဲ့သို့ “လူတော်”ဖြစ်သော ပုဂ္ဂိုလ်များသည်သာလျှင် နေရာတကာ၌ ပါဝင်ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ အသိပညာ ဗဟုသုပညာမရှိပါက နေရာတကာ၌ ရှောင်ဖယ်နေရပြီး မျက်နှာငယ်လေးနဲ့ နေသွားရပါလိမ့်မည်။
ဆက်လက်ရေးသားပါအုန်းမည်။